𝗖𝗮𝘀𝘀𝗶𝗼𝗽𝗲𝗶𝗮

189 35 8
                                    

Cassiopeia : Aethiopia ရဲ့ ဘုရင်မဖြစ်တဲ့ Cassiopeia ဟာ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်မကို ကိုယ်စားပြုတဲ့ ကြယ်ငါးလုံးနဲ့ ကြယ်စုတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်အက္ခရာ W ပုံစံရှိတဲ့ Cassiopeia ကြယ်ဟာ Polaris ကြယ်ရဲ့ တည်နေရာကို ရှာတဲ့အခါမှာ အသုံးပြုကြတဲ့ ကြယ်လည်း ဖြစ်ပါတယ်။

===================================

"အာ နောက်ကျလို့ ဂယူဗင်းက ဆူတော့မှာပဲ။ မြန်မြန်သွားမှ"

တိုင်ကပ်နာရီကို မော့ကြည့်လိုက်တော့ အချိန်က ၁၀နာရီ ခွဲလုနီးပါး။ ဒီရက်ပိုင်းတွေ ဆိုင်မရောက်ဖြစ်တာ ကြာပြီမို့ ဆက်ပျက်နေရင် ဂယူဗင်း ပါးစပ်နဲ့ တွေ့တော့မှာပဲ။

အဖြူရောင်ဟူဒီအကြီးကြီးကို မက်သရူး သေချာပြင်ဝတ်လိုက်ကာ ကွပ်ပျစ်ပေါ် တင်ထားတဲ့ စက္ကူပုံးကို အသာလေး မလိုက်တယ်။ ပြီးတော့ ဦးတည်ရာနေရာဆီ တရွေ့ရွေ့ သွားလို့။

ခဏကြာတော့ ခပ်လှမ်းလှမ်းက ကားလမ်းမဆုံကို လှမ်းမြင်နေရတယ်။ လက်ထဲက စက္ကူပုံးကို ပြုတ်မကျအောင် ဂရုတစိုက် သယ်ရင်း မျဉ်းကြားကို အရောက်မှာ ကားလမ်းကူးဖို့အတွက် မီး‌စိမ်းကို ရပ်စောင့်နေလျှက်။

ကုမ္ပဏီဝန်ထမ်းတွေရဲ့ နေ့လည်စာ စားချိန်ရောက်သေးတာမို့ လမ်းပေါ်မှာ ကားက အတော် ရှင်းနေတယ်။ တစ်ချက်၊ တစ်ချက် ဝေ့တိုက်လာတဲ့ ဆောင်းလေကြောင့် ပါးစပ်ထဲက ‌အငွေ့ပါ ထုတ်မိသည့်အပြင် ရပ်နေတဲ့ ခြေထောက်အစုံကိုပါ နွေးလိုငြား မက်သရူး အနည်းငယ် လှုပ်ခါမိတယ်။

"ဟျောင်းးးး"

မျဉ်းကြားတစ်ဖက်က အော်ခေါ်လိုက်တဲ့ အသံကြောင့် မက်သရူး လှည့်ကြည့်လိုက်တော့ အိမ်က ကလေးနှစ်ယောက်ဟာ သူ့ကို ခုန်ပေါက် လက်ပြနေတယ်။ ကြည့်ရတာ ယူဂျင်းကို ကျောင်းကြိုရင်းက သူနဲ့ တိုးခြင်းပင်။

"ကျွန်တော်တို့ ကူးလာခဲ့မယ်"

"ရတယ် အဲ့မှာပဲ နေ။ ဟျောင်းပဲ လာခဲ့မယ်"

တီ ~

မျဉ်းကြားက မီးပွိုင့်အရောင်က အစိမ်းရောင် အဖြစ်ကို ပြောင်းသွားတာမို့ မက်သရူး ခပ်ဖြည်းဖြည်းသာ ကလေးနှစ်ယောက်ဆီ လျှောက်သွားလိုက်တယ်။

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now