𝗛𝗲𝘀𝗽𝗲𝗿𝘂𝘀

274 51 4
                                    

Hesperus : ဂရိဘာသာစကားက ဆင်းသက်လာတဲ့ Hesperus ကြယ်ဟာ အချစ်သင်္ကေတလို့ သတ်မှတ်ကြတဲ့ Venus ဂြိုဟ်ထဲမှာ ပါဝင်တဲ့ ကြယ်နှစ်လုံးထဲက တစ်လုံး ဖြစ်တယ်။ ညနေခင်းအချိန်မှာ မြင်ရတဲ့ ကြယ်ဖြစ်တာကြောင့် Evening Star လို့လည်း ခေါ်ကြပါသေးတယ်။

===================================

ပြင်ပနဲ့ နန်းတွင်းကို ဆက်ထားတဲ့ တံတိုင်းဆီက တိုးလျတဲ့ ခြေချသံနဲ့အတူ တစ်ကိုယ်လုံးအပြည့် အနက်ရောင် ဝတ်ဆင်ထားတဲ့ လူတစ်ယောက်က ဝင်ရောက်လာကာ လူအရိပ်အခြေကို ကြည့်တယ်။

ပတ်ဝန်းကျင်ကို အကဲဖြတ်ပြီးလက်ထဲက ဓားအိမ်ကို ဝတ်စုံနောက်ထံ ပို့ကာ သတိကြီးမားစွာနဲ့ ခြေလှမ်းအစုံကို ခပ်သွက်သွက် လှမ်းလျှောက်တယ်။

ချိုးကွေ့လိုက်တဲ့ ထောင့်တစ်နေရာက မှိန်ပျပျ အလင်းရောင်ရှိနေတဲ့ အဆောင်ငယ် တစ်ခုထဲဝင်ကာ ကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့ ဝတ်စုံတွေကို ချွတ်ပစ်လိုက်တယ်။ ပြီးတော့ ဓားအိမ်ကို လက်က စွဲမြံအောင် ကိုင်ပြီး တစ်နေရာကို ဦးတည်လို့။

ဓားအိမ်‌ပေါ်က နံပါတ်ပြားထက် ထွင်းထားတဲ့ 'ပတ်ဂွန်းဝု' ဆိုတဲ့ နာမည်နာမဟာ ထိန်ထိန်သာနေတဲ့ လရောင်အောက်မှာ ထင်ရှားစွာ။

-----------X-----------

ထိန်ထိန်သာတဲ့ ညနက်နက်၊ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ဟျွန်းဟာ ကန်ရေပြင်မှာ လာထင်နေတဲ့ လမင်းကြီးကို ငေးလိုက်၊ တဖန် ကောင်းကင်ပေါ်နေရာစုံမှာ ကြီးစိုးနေတဲ့ တလက်လက် ကြယ်တွေကို ငေးမောပြန်လိုက်နဲ့ ငြိမ်သက်စွာ ရပ်နေလို့။

"ဟူးးး"

‌ပြေပြေလေး တိုက်လာတဲ့ လေညှင်းတွေကြားမှာ သက်ပြင်းဖျော့ဖျော့ ပျော်ဝင် ပေါင်းစပ်သွားတဲ့အခါ ဘေးဘီက မကြားဖို့ တိတ်တခိုးသာ သူမျှော်လင့်မိတယ်။

အစ်ကိုက ကြယ်တွေနဲ့ တူတယ်။ မျှော်ကြည့်လိုက်တိုင်း တိကျသေချာတဲ့ ခံစားချက်တစ်ခုကို ပေးပေမယ့် ဘာဆိုတာ သူကိုယ်တိုင်‌တောင် မသိဘူး။

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now