𝗔𝗹𝗴𝗼𝗹

273 50 10
                                    

Algol : Perseus ကြယ်စုအတွင်းမှာ တည်ရှိတဲ့ Algol ကြယ်ဟာ အာရပ်ဘာသာစကားက ဆင်းသက်လာတဲ့ နာမည်ဖြစ်ပြီး နတ်ဆိုးရဲ့ ဦးခေါင်းလို့ အဓိပ္ပာယ် ရပါတယ်။ Medusa ရဲ့ မြွေပုံသဏ္ဍန် ဦးခေါင်းကို ကိုယ်စားပြုတဲ့ Algol ကြယ်ကို Demon Star လို့လည်း ခေါ်ကြပါသေးတယ်။

===================================

"ကဲ ကျွန်တော်မျိုးကြီး ဆိုင်သိမ်းပြီးပါပြီခင်ဗျာ။ သခင်‌လေးသျူးက ဘယ်ကို သွားချင်တာပါလဲ"

ဆိုင်အရှေ့တံခါးကို အသေအချာ ဟန်ဘင်း စစ်ပိတ်လိုက်ပြီးနောက် ဘေးက ဟူဒီထဲ မြှုပ်နေတဲ့ အကောင်ပေါက်လေးဘက် လှည့်ကာမေးတော့ ခေါင်းတလည်လည်လုပ်ရင်း စဉ်းစားနေသေးတယ်။

"အိမ်ပြန်မယ်လေ ကိုကိုရဲ့။ ဒါနဲ့ အပြန်လမ်းမှာ ဂယူဗင်းနဲ့ ယူဂျင်းတို့ မှာထားတာတွေ ရှိလို့ မားကတ်ထဲတော့ ဝင်ဝယ်ရမှာ"

"ဟုတ်ပါပြီ"

ပြောပြောဆိုဆိုနဲ့ မက်သရူးရဲ့ ဟူဒီဇစ်ကို ‌ပုံစံကျအောင် တပ်ပေးလိုက်ပြီး လက်ချောင်းတွေပဲ ပေါ်နေတဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ သူကုတ်အရှည်ကြီးရဲ့ အိတ်ကပ်ထဲ ထည့်ရင်း။

"အဲ့အိတ် ကိုကို့ကို ပေး"

"အင်း"

လက်ထဲက အထုပ်ကို သူ့ဆီ လှမ်းပေးရင်း တောက်တောက်ပပ ပြုံးပြနေတဲ့ကောင်လေးက အနီးက မှိန်မှိန် ဖြာကျနေတဲ့ လမ်းမီးတိုင်က အလင်းထက်တောင် ပိုပြိး လင်းထိန် နွေးထွေးနေသယောင်။

"နှင်းတွေအရမ်းကျတာပဲနော် ကိုကို"

"မက်သရူး မကြိုက်ရင် ကိုကို မကျအောင် လုပ်လိုက်မယ်လေ"

"ဟာ ကိုကို။ အရင်တုန်းကဖြင့် သဘာဝတရားကို ကွဲလွဲအောင် လုပ်တာ မကြိုက်ဘူးဆိုပြီးတော့"

သွားနေရာက ရပ်ကာ သူ့ဘက်လှည့်‌ရင်း ဆူစောင့်စောင့် မျက်နှာဘေးနဲ့ ပြောတော့ ဟန်ဘင်း သဘောတကျ ပြုံးလိုက်ကာ။

"အခုက နှင်းအရမ်းကျလို့ ရည်းစားလေး စိတ်ရှုပ်နေတယ်ဆိုရင် ရာသီဥတု ပြောင်းသင့်‌လည်း ပြောင်းရမှာပေါ့"

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now