𝗖𝗲𝗽𝗵𝗲𝘂𝘀, 𝘁𝗵𝗲 𝗞𝗶𝗻𝗴

237 38 2
                                    

Cepheus, the King :  ဒဏ္ဍာရီလာဘုရင် Ethiopia ကို ကိုယ်စားပြုတဲ့ Cepheus ကြယ်ဟာ ကလေးတစ်ယောက် ဆွဲတဲ့ အနားငါးဖက်ပါ အိမ်ပုံစံပေါ်နေတဲ့ ကြယ်တစ်လုံး ဖြစ်တယ်။ Cepheus ကြယ်လို့လည်း ခေါ်သလို the King လို့လည်း ခေါ်တွင်ကြပါတယ်။

===================================

"ငါဖြစ်နေခဲ့တာ"

ပါးပြင်ပေါ် အဆက်မပြတ် စီးကျလာတဲ့ မျက်ရည်စက်တွေနဲ့အတူ ယိမ်းယိုင်နေတဲ့ ဟန်ဘင်းရဲ့ ခြေလှမ်းတွေဟာ အနောက်ကို ယိုင်ထိုးထိုး။

"ငါဖြစ်နေခဲ့တာ ယူဂျင်း"

အသိစိတ်မရှိ အောက်ကိုသာ ခပ်တွေတွေ စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်နှစ်ဖက်ဟာ အသက်မပါသလို ကွေ့တက်လာတယ်။

"မက်သရူးကို သတ်ပါတယ်ဆိုပြီး မင်းကို စွပ်စွဲခဲ့တဲ့ကောင်ကိုယ်တိုင်က ..."

"အဲ့လူကို သတ်ခဲ့တာတဲ့လေ"

သိသာစွာ ယိုင်နဲ့နေတဲ့ ရင်ခေါင်းသံနဲ့အတူ နီရဲနေတဲ့ မျက်ဝန်းတစ်စုံဟာ မျက်နှာချင်းဆိုင်က ယူဂျင်းကို စိုက်ကြည့်ပြီး အော်လိုက်တဲ့ တစ်ခဏ။

ဒီအခိုက်အတန့်ဟာ သူ့အတွက်တော့ ရူးသွားချင်မိစရာပါပဲ ...

အားလုံး ရန်ပြုချင်နေတဲ့ ကမ္ဘာငယ်ထဲက ကောင်ငယ်လေးကို သူကိုယ်တိုင်ပဲ ကာကွယ်ပေးမယ် ပြောခဲ့ပြီး သူကိုယ်တိုင် ကတိမတည်နိုင်ခဲ့တာ။

ယောက်ယက်ခတ်နေတဲ့ အတွေးတွေနဲ့အတူ ငုံ့ကြည့်လိုက်တော့ မြင်ရတဲ့ သူ့လက်တစ်စုံ။ တစ်နည်းအားဖြင့်ဆို စွန်းပေနေတဲ့ သွေးတို့ ကိန်းအောင်းနေတဲ့ လက်ဝါးပြင် ...

"ဒီလက်တွေနဲ့ သတ်ခဲ့တာ"

ဖြန်း ~

"ဟန်ဘင်းဟျောင်း"

"အဟက် ငါချစ်တဲ့သူကို ဒီလက်တွေနဲ့ သေစေခဲ့တာပဲ"

လက်နှစ်ဖက်နဲ့ ကိုယ့်ပါးကိုယ် ဟန်ဘင်း ခပ်ကြမ်းကြမ်း ရိုက်ချလိုက်တဲ့အခါ ဖြူစွတ်နေတဲ့ပါးပြင်ဟာ တစ်ခဏအတွင်းမှာ နီရဲလို့။

"ငါလုပ်ခဲ့တာ ငါလုပ်ခဲ့တာ ငါလုပ်ခဲ့တာ"

အဆက်မပြတ် ထွက်လာတဲ့ လက်ဝါးပြင် ရိုက်ခတ်သံကြောင့် နီရဲလာတဲ့ ပါးပြင်က ဟန်ဘင်းနှုတ်ခမ်းထောင့်ဟာ သွေးအနည်းပင် စို့တက်လို့။

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now