𝗗𝗲𝗻𝗲𝗯

381 65 2
                                    

Deneb : ကြယ်သုံးလုံးနဲ့ ဖွဲ့စည်းထားပြီး တြိဂံပုံသဏ္ဍန်ဖြစ်နေတဲ့ Summer Triangle ထဲက တစ်လုံး အပါအဝင်ဖြစ်တဲ့ Deneb ကြယ်ဟာ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် မြင်နိုင်သလို Cygnus ကြယ်စုထဲမှာလည်း အတောက်ပဆုံး တည်ရှိနေတဲ့ ကြယ်တစ်လုံး ဖြစ်တယ်။

===================================

ဒလောက် ဒလောက် ဒလောက် ~

သဲသောင်ပြင်ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ပြင်းထန်စွာ သွားနေတဲ့ မြင်းနှစ်စီး အရှိန်ကြောင့် ဖုန်လှိုင်းတွေဟာ ထူခါလို့။

"ရပ်လိုက်။ အခုချက်ချင်း အဲ့နေရာမှာ ရပ်လိုက်လို့ ပြောနေတယ်လေ!"

ဒုန်းစိုင်းပြေးနေတဲ့ မြင်းညိုတစ်ကောင်ပေါ်မှာ အပြာရင့်ရောင် ပိုးသားဝတ်စုံကို ဝင်ဆင်ထားပြီး တည်ကြည်ခန့်ညားတဲ့ မျက်နှာသွင်ပြင်နဲ့သူတစ်ယောက်က ကျွမ်းကျင်စွာနဲ့ မြင်းကို ထိန်းရင်း အရှေ့က မြင်းဖြူရှိရာဆီ ဦးတည် အမိန့်ပေးလျှက်။

ဒါပေမယ့် မြင်းဖြူပေါ်က သူဟာလဲ မကြားသယောင်နဲ့ ဆက်သွားဆဲပဲမို့ သူ့မြင်း အရှိန်ကို တင်ကာ မြင်းဖြူအနားဆီ ကပ်လိုက်တော့မှ တစ်ဖက်သူက သူ့ရှိရာဖက်ဆီ တစ်ချက် လှည့်ကြည့်လို့။

မျက်လုံးချင်းအစုံမှာ ထိုသူရဲ့ စူးရှတဲ့ မျက်ဝန်းတွေက သူ့ဆီပါ အဖျားခတ်တယ်။

'ဘယ်လိုလူမို့လို့ ဒီလောက် အကြောက်အရွံ့ မရှိရတာလဲ'

တိကျတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဟန်ဘင်း ချလိုက်ကာ သူ့မြင်းဆီကနေ တစ်ဖက်သူရှိရာကို ခုန်အုပ် လှဲချလိုက်တယ်။ သူတို့နှစ်ယောက်လုံး ပြောင်ရှင်းတဲ့ သဲသောင်ပြင်ပေါ် ကျသွားပြီး မြင်းနှစ်စီးက ပိုင်ရှင်မဲ့စွာ အဝေးကို ပြေးလို့။

အပြန်အလှန် လုံးထွေးရင်း အဲ့သူပေါ် ဟန်ဘင်း အုပ်မိုးမိချိန်။

ဟင် သူက မျက်နှာတစ်ဝက်ကို ကာထားတာပဲ။

အမည်းရောင်ဇာပဝါနဲ့ ထိုသူက သူ့ရဲ့မျက်နှာတစ်ဝက်ကို အုပ်ထားတယ်။ ဒါပေမယ့် စူးတောက်တဲ့ မျက်ဝန်းတစ်စုံကတော့ ဟန်ဘင်းကို အကြည့်မပျက်။

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now