𝗛𝘂𝗺𝗮𝗻𝗶𝘁𝘆 𝗦𝘁𝗮𝗿

254 41 9
                                    

Humanity Star : ကာဗွန်နဲ့ ပြုလုပ်ထားပြီး Humanity Star အမည်ရတဲ့ ရောင်ပြန် ဂြိုဟ်တုကို 2018 ခုနှစ်မှာ ပညာရှင်တွေက ပတ်လမ်းပေါ် လွှတ်တင်ခဲ့ပါတယ်။ နေရာအသီးသီးက လူမျိုးပေါင်းစုံကို ညအချိန်မှာ မြင်စေလိုတဲ့ ဆန္ဒနဲ့ ဖန်တီးခဲ့တဲ့ Humanity Star ဟာ နေရဲ့အလင်းရောင်ကို ရောင်ပြန်ဟပ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လူသားတွေ ဖန်တီးခဲ့တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

===================================

"ဆောလ်ယွန်း ဟုတ်မလား"

"ဟျောင်း"

"ဖြေလေ ယူဂျင်း။ မင်းက ဆောလ်ယွန်း ဟုတ်တယ်မလားလို့"

သူ့လက်ကောက်ဝတ်ကို ဟန်ဘင်းဟျောင်းက အားနဲ့ ဆွဲဆောင့်ရင်း ခက်ထန်တဲ့ မျက်နှာထားနဲ့ မေးလာတာကြောင့် ယူဂျင်း ဘယ်လို တုံ့ပြန်သင့်လဲဆိုတာ မသိတော့။

ဆုပ်ကိုင်ထားတဲ့ ဟန်ဘင်းဟျောင်းရဲ့ လက်ကို ဖယ်ထုတ်ပြီး အသံကို သိသိသာသာ မြှင့်လိုက်ကာ။

"ဟုတ်တယ်။ ကျွန်တော်က ဆောလ်ယွန်းပဲ"

ပြန်ဖြေလိုက်တဲ့ သူ့အဖြေစကားမှာ ဟျောင်းရဲ့ လှုပ်ရှားမှုက ခေတ္တ ရပ်တန့်သွားတယ်။ ပြီးတော့ လေးပင်တဲ့ အသံနဲ့။

"မင်းက ငါဘယ်သူလဲဆိုတာ ရိပ်မိနေခဲ့တယ်မလား။ အတိတ်အကြောင်းကိုလည်း သိနေခဲ့တာဆိုရင် မင်းက ..."

"ကျွန်တော် သိနှင့်နေပြီးသား။ ဟျောင်းက ဆောင်းဟန်ဘင်းဆိုတာ၊ ပြီးတော့ မက်သရူးဟျောင်းက-"

"မင်းပါးစပ်ကနေ မက်သရူးနာမည်ကို ထွက်စရာ အကြောင်းမရှိဘူး"

ယူဂျင်းပါးစပ်က မက်သရူးဟျောင်းဆိုတဲ့ နာမည်ကြားတာနဲ့ ဟျောင်းက အကြည့်တွေနဲ့ အပြောတွေက သိသိသာသာကို ပြောင်းလဲသွားပြီး သူ့ကို နာကျည်းတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်တယ်။

"ကျွန်တော်က ဆောလ်ယွန်း ဖြစ်နေလို့ မက်သရူးဟျောင်းအကြောင်း ပြောခွင့်မရှိတာလား။ ဘာလို့လဲ ဟျောင်း"

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now