𝗟𝘂𝗰𝗶𝗳𝗲𝗿

321 61 8
                                    

Lucifer : လက်တင်ဘာသာစကားအရဆိုရင် 'Lucifer' ဂရိဘာသာစကားနဲ့ဆိုရင် 'Phosphoros' လို့ အဓိပ္ပာယ်ရတဲ့ Lucifer ကြယ်ဟာ အချစ်သင်္ကေတလို့ သတ်မှတ်ကြတဲ့ Venus ဂြိုဟ်ထဲမှာ ပါဝင်တဲ့ ကြယ်နှစ်လုံးထဲက တစ်လုံး ဖြစ်တယ်။ မိုးသောက်ချိန်နဲ့ နေထွက်ချိန်မှာ မြင်ရတဲ့ ကြယ်ဖြစ်တာကြောင့် 'Morning Star' လို့လည်း ခေါ်ကြပါသေးတယ်။

===================================

"ဟျောင်းရဲ့ညီက လိုက်ဖို့‌အရေး သိပ်ဂျီကျနေတာလေ။ ကျွန်တော့်မှာ မနည်း ဆွဲခေါ်ခဲ့လို့သာ သူပါလာတာ"

ထမင်းစားပွဲဆီ စားစရာ ချပေးနေတဲ့ မက်သရူးကို ဂွန်းဝုက မကျေနပ်ဟန် ပြန်ပြောပြကာ ယူဂျင်းအကြောင်း ဦးအောင် စတိုင်တယ်။

"ကျွန်တော်က နှစ်ကူးကျ လာမယ် ပြောထားပါတယ်။ ဟျောင်းဘာသာ အမှတ်လိုချင်လို့ အလုပ်ရှုပ်နေတဲ့သူကို လာလာခေါ်နေပြီး"

တစ်ခွန်းမကျန်တဲ့ ယူဂျင်းကလည်း ထမင်းပန်းကန်ကို အစားမသောက်မပျက်ဘဲ ပြန်ပြောတော့ ဂွန်းဝုက လက်ထဲက ဇွန်းနဲ့ ခေါင်းခေါက်ဖို့ ရွယ်ရင်း။

"အကြီးကို ခံပြောနေတာ ဒီဟာလေးတော့ ငါလုပ်လိုက်ရ"

"တော်ပါတော့ ကလေး အေးဆေး ထမင်းစားပါစေ"

သူမှဝင်မတားရင် ပြီးမယ့်ပုံမပေါ်တဲ့ ညီနှစ်ယောက်အကြောင်းကို သိပြီးသားမို့ ယူဂျင်းဘေးနား ဝင်ထိုင်ကာ ဟောက်လိုက်တော့မှ ငြိမ်ကျသွားတယ်။

"ကဲ ဟျောင်းတို့နှစ်ယောက်မရှိဘဲ ဒီသေးသေးလေးက တစ်ယောက်တည်း ဘာတွေ လျှောက်လုပ်နေခဲ့လဲ ပြောပါဦး"

"ကျွန်တော်က သေးသေးလေး မဟုတ်ပါဘူးဆို ဟျောင်းကလဲ။ အထက်တန်းကျောင်းသားပဲ ဖြစ်နေပြီလို့"

သူ့အပြောကို ဘေးက ယူဂျင်းက မကျေနပ်ဟန်နဲ့ ခပ်တိုးတိုး ရေရွတ်တော့ သဘောတကျ ရယ်ကာ ခပ်ဖွဖွလေး ခေါင်းပုတ်ပေးကာ။

"ဟုတ်ပါပြီ အထက်တန်းကျောင်းသား လူကြီးလေးရဲ့"

"ဂယူဗင်းမှာထားတဲ့ list တော့ ရပြီ။ ဟျောင်းတို့ သွားကြမလား မက်သရူး"

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now