"ကျွန်တော်အခုကစပြီး ခင်ဗျားကို လိုက်တော့မာရှောင်းကျန့်"
"အဲ့တာကြောင့်ရှောင်းကျန့် ခင်ဗျားဘာမှထပ်မတွေးတော့နဲ့...အခုကစပြီးခင်ဗျားခေါင်းထဲမှာ ကျွန်တော်နဲ့သားလေးကိုချစ်ပေးဖို့ဘဲတွေးထား.."
-
-
-
-
-
-
ရှောင်းကျန့်ရဲ့ခေါင်းထဲမှာရိပေါ်ပြောခဲ့တဲ့စကားတွေကိုအထပ်ထပ်ပြန်ကြားနေရကာ သူအိမ်မက်များမက်နေသလားလို့ကိုယ်ဘာသာကိုယ်ပြန်ဆန်းစစ်မိလေသည်။ ရိပေါ်ကသူ့ကိုလိုက်မယ်တဲ့.....
ရှင်းရှင်းနဲ့လည်းထပ်ပြီးမပက်သက်တော့ပါဘူးလို့ရိပေါ်ပါးစပ်ကနေပြတ်ပြတ်သားသားပြောလာလေသည်။ရှောင်းကျန့်တစ်ယောက်ယုံရနိုးမယုံရနိုးစဥ်းစားနေမိလေသည် တကယ်လို့ရိပေါ်ကရှင်းရှင်းကိုရွဲ့ချင်လို့ သူကိုလိုက်မယ်လို့ပြောတာဆိုရင် နောက်ဆုံးမှာကျန်ခဲ့ပြီးခံစားနေရမဲ့သူက သူဘဲမလား.... ရိပေါ် သူ့ကို ခုပြောနေတဲ့စကားတွေကတကယ်ဘဲရင်ထဲကလာတဲ့ခံစားချက်အစစ်အမှန်တွေ ဟုတ်လားမဟုတ်လားဆိုတဲ့အဖြေကိုတော့ရှောင်းကျန့် မျှော်လင့်မိတာအမှန်ပင်... သူကရိပေါ်ကိုအကြာကြီးချစ်လာခဲ့ရတဲ့သူမလား......
ရှောင်းကျန့်တစ်ယောက်ရိပေါ်ကို ဘာပြန်ပြောလို့ပြန်ပြောရမှန်းမသိ အာစေးမိသလို ဘာမှပြန်မပြောနိုင်ဘဲ ရိပေါ်ကိုကြောင်ကြည့်နေမိလေသည်။
"ကျွန်တော်ပြောတာကြားလား ရှောင်းကျန့်"
"အမ်...ကြား ကြားပါတယ်ရိပေါ်"
"အဲ့တာဆို ဘယ်လိုသဘောရလည်း "
ရိပေါ်ကသူ့ကိုတည့်တိုးကြီးကိုမေးလာလေသည်။"ဟို........."
"....ပါပါး....."
ရှောင်းကျန့်တစ်ယောက်ဘာပြန်ဖြေလို့ဖြေရမှန်းမသိ ဖြေရခက်နေစဥ် သားကအခန်းထဲကထွက်လာကာ သူ့ကိုခေါ်လေသည်။ရှောင်းကျန့်လည်းသားအခန်းထဲကထွက်တော့ ရိပေါ်မေးတာကို မသိသလိုနှင့်ပြန်မဖြေတော့ဘဲ သားအနားသွားလိုက်လေသည်...တကယ်လည်းဘယ်လိုဖြေလိုက်ရင်ကောင်းမလဲသူမသိပါ....အခြေအနေကြီးကအရမ်းကိုကတိကအောက်နိုင်လွန်းသည်မဟုတ်လား...
YOU ARE READING
A chance to change the past (Complete)