"ရှောင်းကျန့် ရှောင်းကျန့်"
ရှောင်းကျန့်ထပါအုံး ခင်ဗျားဖျားနေပြီ ဒီအတိုင်းဆက်အိပ်မနေနဲ့ ထပြီးမနက်စာစားရအောင် ပြီးရင်ဆေးသောက် ပြီးမှပြန်အိပ်....
ရှောင်းကျန့်အိပ်နေတုန်း ရိပေါ်ရဲ့လာနိုးသံကြောင့်မျက်လုံးကိုအားယူကာဖွင့်လိုက်ရလေသည်။
နိုးနိုးချင်းမှာသူခံစားလိုက်ရတာက ခေါင်းတွေအရမ်းကိုက်နေပြီး မထချင်လောက်အောင်သူ့ခန္တကိုယ်ကနူံးချိနေတယ်ဆိုတာပါဘဲ ရိပေါ်ပြောသလို သူဖျားပြီနဲ့တူပါတယ်...."ရှောင်းကျန့် ရရဲ့လား ခေါင်းကိုက်နေလို့လား ခဏတော့ထလိုက်ပါ ခင်ဗျားဆေးသောက်ရအုံးမယ်လေ"
ပြောပြောဆိုဆိုနဲ့ ရိပေါ်ကထဖို့ခက်နေတဲ့ရှောင်းကျန့်ကို ဆွဲထူထပေးလေသည်။"အင်း ရပါတယ်ရိပေါ် ဘာမှမဖြစ်ပါဘူး"
ရှောင်းကျန့်ရဲ့စကားသံလေးဟာ ခါတိုင်းနဲ့မတူဘဲ အရမ်းကိုတိုးကာ အားနည်းနေသည့်ပုံပေါက်နေသည်မို့ ရိပေါ် ရှင်းရှင်းဆိုသည့်မိန်းမကိုပိုလို့တောင်ဒေါသထွက်လာရလေသည်။
အဲ့ဒီမိန်းမက မျက်နှာများသည့်မိန်းမ....အဲ့လိုမိန်းမကိုဒီဘဝမှာဖြတ်လိုက်ရင်ပြီးရော လွယ်လွယ်နဲ့ဇာတ်လမ်းပြီးသွားမယ်လို့ရိပေါ်ထင်ထားပင်မဲ့ အဲ့ဒီမိန်းမရဲ့မကောင်းတဲ့အကျင့်စရိုက်တွေကိုရိပေါ်မေ့နေခဲ့သည်ဘဲ...ဒီဘဝတော့သူ့ရဲ့မိသားစုကိုစိတ်ဆင်းရဲမူတွေ ရှင်းရှင်းဆိုသည့်မိန်းမထပ်ပြီးမပေးနိုင်စေရပါ....ရှောင်းကျန့်အခုလိုစိတ်ဆင်းရဲပြီးနေမကောင်းရတာလည်းအဓိကတရားခံကလည်း ရှင်းရှင်းဖြစ်လို့ ထိုအတွက်ရှင်းရှင်းပြန်ပေးဆပ်ရဖို့အတွက်ရိပေါ်ခေါင်းထဲမှာတွေးထားနှင့်ပြီးဖြစ်သည်။...............
"ရိပေါ်"
ရှောင်းကျန့်ရဲ့ခေါ်သံလေးဟာ သိပ်ကိုတိုးလျှလွန်းလို့ ရိပေါ်တောင်မနည်းနားထောင်လိုက်ရလေသည်။"အင်း ဘာပြောချင်လို့လည်းရှောင်းကျန့်"
"ဒီနေ့သားပြန်လာမှာမဟုတ်လားဟင်"
"ပြန်လာမယ်ထင်တယ် ကျွန်တော်ဖုန်းဆက်လိုက်မယ်မားဆီကို ဒီနေ့ပြန်မလာခိုင်းသေးနဲ့လို့"
YOU ARE READING
A chance to change the past (Complete)