" ကျွန်တော် ပြန်ရောက်ပါပြီ ရှောင်းကျန့်"
အိမ်ရှေ့တံခါးကနေဝင်လာကတည်းက သူပြန်ရောက်ကြောင်းအသိပေးနေတဲ့ ရိပေါ်ရဲ့အသံကိုရှောင်းကျန့်ကြားပင်မဲ့ မကြားချင်ယောင်သာဆောင်လိုက်မိသည်။
ဒီရက်အနည်းငယ်အတွင်း သူမေတ္တာတွေစစ်မှန်လို့ ရိပေါ်ဘက်က မေတ္တာတွေရောင်ပြန်လာပြီထင်ခဲ့တာ တကယ်တော့ သူ့ရဲ့ရူးမိုက်မိခဲ့သည်ဘဲ ရိပေါ်နဲ့ရှင်းရှင်းကငယ်ချစ်တွေမဟုတ်လား....သူတို့ဆက်ဆံရေးကလည်းအတိုင်းအတာတစ်ခုထိရောက်နေပြီဆိုတော့ လွယ်လွယ်နဲ့ဘယ်ပြတ်နိုင်ကြပါ့မလည်း...."ရှောင်းကျန့်ခင်ဗျားဘယ်မှာလည်း "
ရိပေါ်ကသူခေါ်တာကိုပြန်မထူးလို့တူသည်...အိမ်ရှေ့ခန်းကနေဘဲနောက်တစ်ခါ ရှောင်းကျန့်ကိုထပ်ရှာလေသည်။
ဒီတစ်ကြိမ်တော့ ရှောင်းကျန့်ပြန်ထူးလိုက်သည်။
"ရိပေါ် ငါမီးဖိုချောင်ထဲမှာ"
ရိပေါ်ကလည်း ရှောင်းကျန့်ရဲ့ထူးသံကိုကြားကြားချင်းဘဲ မီးဖိုခန်းထဲဝင်လာလေသည်။
အင့်!
ရိပေါ်ကမီးဖိုထဲဝင်ဝင်ချင်းရှောင်းကျန့်ရဲ့ခါးကိုတင်းနေအောင်ဖက်လိုက်တော့ ရုတ်တရက်မို့ ရှောင်းကျန့်အသံပိစိလေးတောင်ထွက်သွားရလေသည်။"အရမ်းလွမ်းနေရတာ ကျွန်တော့်အမျိုးသားလေးကို"
ကျွန်တော်ခေါ်နေတာဘာလို့မထူးတာလည်း...ရှောင်းကျန့်လည်းရိပေါ်ရဲ့အပြုအမူကြောင့် ဝမ်းနည်းလာသလို မခံချင်စိတ်လေးလည်းတပြိုင်နက်ပေါ်လာရလေသည်။
ရှောင်းကျန့်ရဲ့အမြင်မှာရိပေါ်က ရှောင်းကျန့်နှင့်သားလေးအရှေ့မှာကျကောင်းပြပြီး နောက်ကွယ်ကျ ရှင်းရှင်းမကင်းရာမကင်းကြောင်းဖြစ်နေလေသည်။"ဟောဗျာ..ကျွန်တော်မေးနေတယ်လေရှောင်းကျန့် ဘာလို့ပြန်မဖြေတာလည်း"
"မဟုတ်ပါဘူး ရိပေါ်ရဲ့ မင်းရေမိုးချိုးပြီးနားချင်နားနေလေ ခဏနေငါလည်းသားကို မားတို့အိမ်ကသွားကြိုလိုက်အုံးမယ်"
"မလိုဘူးရှောင်းကျန့် ခုနကမားကျွန်တော့်ကိုဖုန်းဆက်လာတယ် သားကဒီညလည်းမားတို့ဆီမှာအိပ်မယ်တဲ့ ကလေးကမားတို့ကိုမတွေ့တာကြာတော့လွမ်းလို့ထင်တယ် ထပ်နေအုံးမယ်ပြောနေတယ်ဒီည "
YOU ARE READING
A chance to change the past (Complete)