Part-22

4.1K 244 8
                                    

ရှောင်းကျန့်နှင့်သားတို့ မနက်ကတည်းကအိမ်ကထွက်သွားလိုက်တာ ညနေလောက်ရောက်မှ အိမ်သို့ပြန်လာခဲ့လေသည်။

ရောက်ရောက်ချင်းမှာပဲ အိမ်ရှေ့လမ်းကိုဘယ်လျှောက်လိုက်ညာလျှောက်လိုက်နှင့် လက်ထဲကဖုန်းတစ်လုံးကိုင်ကာ တစ်​ယောက်ထဲအလုပ်ရှုပ်နေတဲ့ရိပေါ်ကိုတွေ့ရလေသည်။

ရှောင်းကျန့်တို့ကိုမြင်သွားတာနဲ့ ရိပေါ်က​ရှောင်းကျန့်တို့​အနားကိုအမြန်နှုန်းနှင့်ရောက်လာလေသည်....

"ရှောင်းကျန့်!!! ဘယ်တွေလျှောက်သွားနေတာလည်းဟမ်! ဘာလို့ကျွန်တော့်ဖုန်းကိုမကိုင်တာလည်း ကျွန်တော်ဘယ်လောက်စိတ်ပူနေမလည်းဆိုတာခင်ဗျားမစဥ်းစားတာလား ရှောင်းကျန့်!"

"ဟို...ငါ..ငါတောင်းပန်ပါတယ် ရိပေါ်"

"ကျစ်! ခင်ဗျားဗျာ...ကျွန်တော်တောင်းပန်တာကိုလိုချင်တာမဟုတ်ဘူး ခင်ဗျားမနက်ကဘာဖြစ်တာလည်း ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပြရမှာလေ ကျွန်တော်စိတ်ပူနေမယ်ဆိုတာလည်းခင်ဗျားမစဥ်းစားပေးဘူး"

"ငါ..ငါလည်းဘာဖြစ်သွားမှန်းမသိဘူးရိပေါ်..ငါတောင်းပန်ပါတယ် "

"ကျစ်! ထားလိုက်တော့ဗျာ..အခုကောညနေစာစားလာပြီးကြပြီလား"

"အင်း..ငါနဲ့သားစားခဲ့ပြီးပြီ မင်းရော"

"ကျွန်​တော်ကဘယ်စားရသေးမှာလည်း ကျွန်တော့်မှာယောကျာ်းပူရ သားပူရနဲ့ ဇောကြီးနေတာ"

"ငါထပ်တောင်းပန်ပါတယ် ငါမင်းအတွက်ညနေစာပြင်ပေးမယ်နော်"
ရော့ သားကိုချီထားပေး...
ရှောင်းကျန့်ကသားကိုရိပေါ်လက်ထဲထည့်ပေးခဲ့ကာ သူကအိမ်ထဲဝင်သွားလေသည်။

ရှောင်းကျန့်ဝင်သွားမှ ကျန်ခဲ့တဲ့ရိပေါ်ကသားကိုမေးလေသည်။
"သားရေ..မင်းပါပါးဘာဖြစ်နေတာလဲ သားတို့ဘယ်တွေသွားကြတာလဲ"

"သားလည်းသိဘူးဒယ်ဒီ မနက်ကတော့ပါပါးစိတ်ဆိုးနေတာ ဘာစိတ်ဆိုးလည်းတော့သားသိဘူး ပြီးတော့သားတို့ပန်းခြံသွားလည်ကြတာ ညနေရောက်မှပါပါးကပြန်မယ်ဆိုလို့ပြန်လာတာ"

A chance to change the past (Complete)Where stories live. Discover now