ကျန်းချန်!!!!"ဘာ...ဘာလည်းကွာ မင်းကလည်းလန့်လိုက်တာ"
ရှောင်းကျန့်ကိုလိုက်ငေးနေရင်းက ကျန်းချန်တစ်ယောက် ရိပေါ်ရဲ့အော်သံကြောင့်လန့်သွားခဲ့ရလေသည်။"မင်းတရားလွန်နေပြီနော်ကျန်းချန်!! မင်းဒီလိုပုံစံမျိုးနဲ့ဆိုရင်ငါ့အိမ်မှာမနေတော့နဲ့"
"ဘာလည်း ဘာထဖြစ်တာလည်းရိပေါ်! "
"မင်းငမ်းနေတာ ငါ့ယောကျာ်းကွ!!"
"..........."
"ဟုတ်တယ် ရှောင်းကျန့်ကငါ့ယောကျာ်း ပြီးတော့..."
"အအေးရပါပြီ သောက်လိုက်ပါအုံး"
ရိပေါ်တို့စကားပြောနေကြတုန်း ရှောင်းကျန့်ကအအေးခွက်နှစ်ခွက်ကိုသယ်လာကာ စားပွဲပေါ်ချပေးလေသည်။အင့် ရိပေါ်!
ရုတ်တရက် ရိပေါ်က ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကိုဆွဲချကာသူ့ဘေးနားထိုင်စေပြီး လက်တစ်ဖက်ကလည်း ရှောင်းကျန့်ရဲ့ခါးကိုဖက်ထားလေသည်။"မောနေပြီလား ကျွန်တော့်အမျိုးသားလေး"
"........."
"........."
"ကျွန်တော်သေချာမမိတ်ဆက်ပေးရသေးဘူးနော် ရှောင်းကျန့်ဒါက ကျွန်တော့်သူငယ်ချင်းကျန်းချန်တဲ့ သူကခုမှ သဘော်လိုက်ပြီးပြန်လာတာ ကျွန်တော်တို့အိမ်မှာ2ရက်3ရက်နေဖို့ခွင့်တောင်းနေလို့ "
"အော်...ရပါတယ် ကျန်းချန် နေပျော်သလောက်နေပါ"
"နေပျော်သလောက်နေလို့မရပါဘူး သူမှာအလုပ်ရှိသေးတယ် ဟုတ်တယ်မလားကျန်းချန်"
"ဟမ်! အင်း"
ကျန်းချန်တစ်ယောက် ရိပေါ်ပြောတာကိုအူတူတူနဲ့ခေါင်းငြိမ့်လိုက်လေသည်။"ဟို..အဲ့တာဆိုမင်းတို့သူငယ်ချင်းနှစ်ယောက်စကားပြောကြအုန်းလေ ငါနောက်မှာဟင်းသွားချက်လိုက်အုံးမယ်"
"အင်း သွားလေ ရှောင်းကျန့်"
"......"
ရိပေါ် မင်းလက်ကိုငါ့ခါးပေါ်ကဖယ်ပေးအုံးလေ...
ရှောင်းကျန့်ရိပေါ်ကိုတိုးတိုးတိတ်တိတ်ပြောရလေသည်။ ဟုတ်သည်လေ....သွားလို့တာပြောခါးပေါ်ကလက်ကမဖယ်ပေးဘဲ ဘယ်လိုသွားရမည်လည်း...ပြီးရင်ဧည့်သည်လဲရှိနေတာကို ရှက်စရာ...
YOU ARE READING
A chance to change the past (Complete)