"ကျွန်တော်လည်းစားချင်တယ် ပူတင်းမဟုတ်တဲ့ခင်ဗျားနှုတ်ခမ်းလေးကို""........."
"ရမလား ရှောင်းကျန့်"
"မရဘူး!! ရိပေါ် ကလေးရှိတယ်လေ မင်းအပြင်ကပြန်လာပြီးရေလည်းမချိုးရသေးဘူးမဟုတ်လား ရေသွားချိုး ညစ်ပတ်တယ် ငါ့ကိုဖက်ထားတာလည်းလွှတ်ပေးအုံး"
"အော်..ခင်ဗျားက ကျွန်တော့်ကိုရွံနေတာလား ဟုတ်လား ရှောင်းကျန့်"
"မဟုတ်..."
"ပြီးရောလေ ရေချိုးပြီးရင်ခင်ဗျားကိုအဝနမ်းမှာနော်ရှောင်းကျန့် အခုရေသွားချိူးလိုက်အုံးမယ်"
ရိပေါ်ကပြောပြီးတာနဲ့ ရှောင်းကျန့်ကိုဖက်ထားတာလွှတ်ပေးလိုက်ကာ ရေချိုးခန်းထဲကိုရေချိုးဖို့ဝင်သွားလေသည်။ သူ့ကိုညစ်ပတ်တယ်ပြောလိုက်လို့ထင်သည်။ မျက်နှာကလည်းဆူပုတ်ပုတ်နဲ့ပင်....
ဟင်း!!
ရှောင်းကျန့်ရိပေါ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်လေသည်။
ထို့နောက်ပူတင်းကလည်း ရနေပြီမို့သားကိုခေါ်ကာ ပူတင်းကျွေးဖို့ပြင်ရလေတော့သည်။"သားရေလာပူတင်းရပြီ လာစားတော့"
"ဟုတ်ပါပါး"
ဝမ်ကျန့်လေးကပြန်ထူးပြီးတာနဲ့ ပူတင်းရှိရာဆီသို့လာပြီးစားလေသည်။"စားကောင်းလား သား"
"ဟုတ် ကောင်းတယ်ပါပါး ပါပါးကအတော်ဆုံးဘဲ"
ပြောပြီးဝမ်ကျန့်လေးက သူ့လက်မလေးနှစ်ဖက်ကိုထောင်ပြလေသည်။ရှောင်းကျန့်လည်းသားရဲ့ချစ်စဖွယ်အပြုအမူကြောင့်အသဲယားသွားပြီး သားပါးဖောင်းဖောင်းလေးတစ်ဖက်ကိုဖွဖွလေး ဆွဲညစ်လိုက်ကာ သားပူတင်းစားနေတာလေးကို ထိုင်ကြည့်နေလေတော့သည်။
--------
ရိပေါ်ရေချိုးခန်းထဲကထွက်လာပြီး အခန်းထဲဝင်လာတော့သားက အိပ်ပျော်နေလေသည်။ ရှောင်းကျန့်ကတော့အခန်းထဲမှာ ရှိမနေပေ...ရိပေါ်လည်းဗီဒိုထဲက ပေါ့ပေါ့ပါးပါးဖြစ်စေမဲ့ညအိပ်ဝမ်းဆက်တစ်စုံကိုကောက်ဝတ်လိုက်ပြီး ရှောင်းကျန့်ရှိရာသို့ထွက်ခဲ့တော့သည်။
ရှောင်းကျန့်ကမီးဖိုထဲမှာ ပန်းကန်ဆေးနေလေသည်။
YOU ARE READING
A chance to change the past (Complete)