Part-13

4.1K 283 9
                                    

"ခင်ဗျားတို့နဲ့ပူးပေါင်းမဲ့ကိစ္စကိုကျွန်တော် စဥ်းစား​ကြည့်ပြီးသွားပြီ"

"ဒါဆို ကိုအန်းယွမ်ဖက်ကဘယ်လိုဆုံးဖြတ်လိုက်ပါသလဲ"

"ကျွန်တော်လက်ခံတယ် ဒါပင်မဲ့ခင်ဗျားတို့နဲ့လူချင်းတွေ့ပြီးစကားပြောချင်တာ​တွေရှိသေးတယ်"

"ကောင်းပါပြီ ကျွန်တော်တို့ဖက်ကလည်းကိုအန်းယွမ်နဲ့လူချင်းတွေ့ပြီးသေချာဆွေးနွေးချင်ပါသေးတယ်"
မနက်ဖြန်ညနေ4နာရီလောက်အားမလား။

"ကောင်းပြီလေ မနက်ဖြန်4နာရီလောက်တွေ့ကြတာပေါ့ အဆင်ပြေပါတယ်"

"ဒါဆိုကျွန်တော် မနက်ဖြန်တွေ့ရမဲ့နေရာအတွက် ကိုအန်းယွမ်ကို Message ပို့ထားပေးလိုက်ပါ့မယ် "

"ကောင်းပါပြီ"

ဟူး!!!
အန်းယွမ်ဖုန်းကိုချလိုက်ပြီးတာနဲ့ လက်နဲ့ဆံပင်တွေကြားထိုးဖွကာ လေပူတစ်ချက်လည်းမှုတ်ထုတ်လိုက်မိလေသည်။

သူ့အနေနဲ့ရှင်းရှင်းနဲ့ပက်သက်ခဲ့တဲ့တစ်လျှောက်လုံးမှာရှင်းရှင်းကိုမချစ်ခဲ့ဘူးဆိုလျှင်လိမ်ရာကျလိမ့်မည်။
သူတို့ရဲ့ဆက်ဆံရေးအိပ်ယာပေါ်ထိရောက်ခဲ့ပြီးမှ ရှင်းရှင်းကသူ့ကိုအတင်းအဆက်အသွယ်ဖြတ်ဖို့ပြောလာလေသည်။သူသည်အဲ့ဒီအချိန်မှာ ရှင်းရှင်းကိုချစ်တာကလွဲပြီးဘာမှမတွေးနိုင်ခဲ့ပေ....
သူမှတ်မိ​ပါသေးသည်။အဲ့ဒီနေ့ကသူတို့အရမ်းပျော်နေကြတာ​တွေကို

သူတို့သူငယ်ချင်း​အုပ်စု​တွေနှင့်Clubမှာပျော်ပါး​နေကြရင်းအမှတ်တရဖြစ်အောင်ပါလာတဲ့ Cameraအသေးနှင့် Videoလေးရိုက်ကာမှတ်တမ်းတင်ကြလေသည်။ အဲ့ဒီလိုနဲ့cameraနဲ့အမှတ်တရ​တွေရိုက်ထားရင်း သောက်တာစားတာတွေလည်းတဖြည်းဖြည်းနဲ့အရှိန်မြှင့်လာလေသည်။

"ကိုကိုယွမ် ရှင်းရှင်းမူးနေပြီ အင့်!"
ရှင်းရှင်းသည်တော်တော်မူးနေသည့်ပုံပေါက်ကာ ပြောတဲ့စကားတွေကိုတောင်အန်းယွမ်တော်တော်နားထောင်လိုက်ရလေသည်။

"အများကြီးသောက်လိုက်တာဘဲရှင်းရှင်း အိမ်ပြန်တော့မလား ကိုယ်လိုက်ပို့ပေးမယ်"

A chance to change the past (Complete)Where stories live. Discover now