"သားလေဝမ်ကျန့်ကတော့သူ့အဖွားတွေနဲ့ညစာစားပြီးကတည်းကလိုက်သွားလိုက်တာ အခုဆိုအိမ်မှာကျန်ခဲ့တာ ရိပေါ်နှင့်ရှောင်းကျန့်နှစ်ယောက်ထဲသာဖြစ်သည်"နှစ်ယောက်ထဲမို့အနေခက်သောကြောင့် သားလေးသွားလိုက်တာနဲ့ရှောင်းကျန့်လည်း သူလုပ်စရာရှိတာတွေမြန်မြန်လုပ်ပြီး အခန်းထဲဝင်ဖို့ပြင်တော့သည်။
"အိပ်တော့မလို့လား...ရှောင်းကျန့်"
"အင်း..အိပ်တော့မလို့ရိပေါ် ဘာဖြစ်လို့လည်း"
"ဘာမှမဖြစ်ပါဘူး အိပ်နှင့် ကျွန်တော်ခဏနေအခန်းထဲဝင်လာခဲ့မယ် "
"ဟင်!!!!"
သားလည်းမရှိတာကို..ရိပေါ်ကဘာ..ဘာဝင်လာလုပ်မှာလည်း..."ဟာ ရှောင်းကျန့် ကျွန်တော်ကဘာလုပ်ရမှာလည်း အိပ်ရမယ်လေ လူအိပ်ချိန်ရောက်နေပြီ"
"မင်းအခန်းမှာမင်းအိပ်လေ ရိပေါ်"
"မအိပ်ချင်ဘူး..ကျွန်တော်ကခင်ဗျားနဲ့အိပ်ချင်တာ"
"ဟင်!!"
မင်း..မင်း ကိုယ့်အခန်းမှာကိုယ်အိပ်နော်ရိပေါ်..ငါ...ငါလည်းအိပ်ပြီ...
ပြောပြီးတာနဲ့ ရှောင်းကျန့်အခန်းထဲဝင်တံခါးပိတ်ပြီးတာနဲ့ တံခါးကိုမှီပြီးရင်ဘက်ကိုလက်နဲ့ဖိထားကာ ရင်ခုန်သံမြန်နေခဲ့လေသည်။ရိပေါ်ကတော့အရှက်သည်းပြီး အခန်းထဲဝင်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရီမိလေသည်...ဒီအတိုင်းလေးတူတူအိပ်မှာကို သူ့ကိုယုတ်မာဖို့လာအိပ်မယ့်အတိုင်းဘဲ.....
ယောကျာ်းတောင်ရလို့ကလေးတစ်ယာက်တောင်ထွက်လာပြီးပြီ.....သူကအခုထိရှက်နေတုန်း....တွေးပြီးရိပေါ်ရီမိလေသည်။
–
–
–
–
–
".....ကျွီ့......"
ရှောင်းကျန့်အိပ်ပျော်ခါနီးလေးမှာ အခန်းတံခါးကိုတစ်ယောက်ယောက်ဖွင့်သံကြောင့် မျက်စိဖွင့်လာခဲ့ရလေသည်။
အခန်းမှီးကမှိတ်ထားသည် မို့ လူကိုတော့သဲသဲကွဲကွဲမမြင်ရပေ......"ခင်ဗျား အိပ်ပျော်နေပြီလား ရှောင်းကျန့်"
ရိပေါ်ရဲ့အသံကိုကြားတာနဲ့ ရှောင်းကျန့်ကအိပ်ချင်ယောင်ပြန်ဆောင်လိုက်လေသည်။
သူရိပေါ်နဲ့ခုထိကိုမျက်နှာချင်းမဆိုင်ရဲသေးပါပေ.....
YOU ARE READING
A chance to change the past (Complete)