(first kisss💋) Part - 4 🍋 (uni+zawgyi )

6.8K 141 9
                                    

( မနေ့က အပိုင်းလေးတိုသွားလို့ update ထပ်ပေးတာပါ😛)

ဆရာဝယ်ကျွေးသော သကြားလုံးစားရမှာမို့ စိတ်က အလိုလိုပျော်နေသည်။

" သမီးယွန်းဝဏ္ဏာသော် "

" ဟင် "

"ထတော့ကျောင်းနောက်ကျနေပြီ "

"ဟင် ဟာ ဟုတ်တယ် နောက်ကျနေပြီ "

ဝဏ္ဏာ့အိပ် မက ်ထဲမှာ ဆရာနဲ့စကားတွေပြောနေသည်။

လက်တွေ့မှာတော့ကျောင်းနောက်ကျနေပြီဖြစ်သောကြောင့်

အမြန်ပြင်ဆင်ကာ ထွက်ရသည်။

ကျောင်းရောက်တော့လဲ အတန်းထဲရောက်ချင်ဇော နဲ့ပြေးရပြန်သည်။

" အာ့ "

ဝဏ္ဏာလူတစ်ယောက်ကိုဝင်တိုက် မိသည်။

"sorry ပါနော် "

"ဝဏ္ဏာ "

"အယ်ဆရာ ကန်တော့ပါဆရာရယ် သမီး အတန်းနောက်ကျနေပြီမို့လို့ပြေးလာတာ "

"ရပါတယ် ဆရာဘာမှမဖြစ်ပါဘူး ခဏလာအုံး "

ဝဏ္ဏာ့ကို ဆရာကရုံးခန်းထဲကိုခေါ်သွားသည်။

" ဆရာဘာလုပ် မလို့လဲ "

"ဘာမှမလုပ်ပါဘူးကဲလာပါ သမီးရယ် "

ဆရာက သူ့အိတ်ထဲက အဖြူရောင်ခေါင်းစည်းကြိုးလေးယူကာ
​​​ဝဏ္ဏာ့ဆံပင်တွေကိုစုကိုင်ပြီး စီးပေးသည်
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ဆရာ့ရဲ့အပြုမူကြောင့် ဝဏ္ဏာအပါအဝင် ဆရာမတွေကပါ ဝိုင်းကြည့်နေသည်။

" ဟို သမီးဒီနေ့အမြန်လာမိလို့ ဆံပင်မစီးးလာရဘူး"

" ဆရာမတွေဆူမှာစိုးလို့ ဆရာကစီးပေးတာ"

"ဟီးကျေးဇူးပါဆရာ "

" ဆရာသက်ဦးမောင် ဒါဘာတွေဖြစ်နေတာလဲ "

ဝဏ္ဏာတို့ကြည့်လိုက်တော့ ဆရာမနှင်းပွင့်ဖြူ

" ဘာဖြစ်လို့လဲဆရာမ "

"နင်ကဆရာမသမီးမလား သွားတော့အတန်းထဲ "

"ဟုတ် "

ဝဏ္ဏာလဲကြောက်ကြောက်လန့်လန့်နဲ့ ထွက်လာမိသည်။

ဆရာနဲ့ဆရာမပြဿနာတွေဖြစ်ကြမှာလား မသိဘူး"(

♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)Wo Geschichten leben. Entdecke jetzt