Part -10🌷💋 (uni+zawgyi)

4.8K 82 4
                                    

" ရတီ မ ဘာတွေကြည့်ပြီးပြုံးနေတာလဲ "

"ဟင် ဘာမှမဟုတ်ပါဘူး "

" နင်နော် ဟွန်း ကောင်လေးရနေတာလား "

" မဟုတ်ပါဘူး😁 "

" သမီးတို့ရေ ဖွားဖွားက ဧည့်ခန်းကိုလာခဲ့ကြပါအုံးတဲ့ "

"အော် ဟုတ်ဟုတ် "

" ဟွန်းမရိုးဘူးနော် "

"လာပါ ဖွားက ဘာပြောဖို့လဲမသိဘူး "
------
" မြေးတို့ကို ဂုဏ်ပြုပွဲလေးလုပ်ပေးချင်လို့ "

"ဟင် ဘာလို့လဲဖွား "

"စာကြိုးစားပြီး လိမ္မာကြလို့လေ ၁၀တန်းတောင်ဖြေပြီးပြီဆိုတော့ ဂုဏ်ပြုချင်လို့ "

" ဟီး ဖွားက သိပ်ကောင်းတာပဲ ဘယ်တော့လဲဟင် "

"ဒီညနေပဲ ညည်းတို့ ကြီးမေကိုတောင် ဈေးသွားခိုင်းလိုက်ပြီ "

"ဟာ မိုက်လိုက်တာ "

"ဂုဏ်ပြုညစာစားပွဲလေးပေါ့ "

" ကောင်းတယ် "

"ဆရာ့ကို ဖိတ်လိုက်ကြအုံးနော် "

"ဟင် သူကဘာလို့ပါတာလဲ မိသားစုတွေဘဲ စားမယ်လေ ဖွား "

"သမီးတို့ကို လိမ္မာအောင် ဆုံးမ ပေးတဲ့ အတန်းပိုင်လေ "

"ဟွန်း "

" သမီးဖိတ်လိုက်ပါမယ် ဖွား"

"အေး ရတီ "

ရတီ့ကို မျက်စောင်းပစ်ထိုးပစ်လိုက်သည်။

ညနေကတည်းက ကြိုပြင်ဆင်ပြီး ခြံထဲမှာ အလှဆင်ထားသည်။

ညရောက်တော့ ဝဏ္ဏာက ဂါဝန် အညိုရောင် လေးကို လက်ရှည်လေးနဲ့ ဝတ်ထားသည်။

ရတီကတော့ အပြာရောင် ဖဲဂါဝန်လေး

ဆရာကတော့ သူဝတ်နေကျ shirt လေးကိုမှ အပေါ်ထပ်လေးနဲ့ တစ်မျိုးကြည့်ကောင်းနေပြန်သည်။

" ကြီးမေ ဘာတွေစားရမှာလဲဟင် "

" အကင်တွေရယ် သမီးတို့ိကြိုက်တဲ့ မာလာရှမ်းကောရယ် စတော်ဘယ်ရီဖျော်ရည်လေးကတော့သမီးတွက်သီးသန့်ပေါ့ "

" အားးမိုက်လိုက်တာ ဉီးသောင်းတွက်ရော ဘာမှမပါဘူးလားသောက်စရာ "

♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)Where stories live. Discover now