Part 20💑 (uni+zawgyi)

3.2K 49 3
                                    

ဝဏ္ဏာလဲ ပိတ်ရက် အိမ်မှာပဲ အချိန်ကုန်ဖြစ်သည်။

အပြင်ထွက်ချင်ပေမယ့် ဆရာက သူနဲ့တူတူသာသွားခိုင်းသည်။

" မြေးလေး "

" ရှင် ဖွား "

"ပျင်းနေပြီလား "

" ဟုတ် နည်းနည်းပါ "

" ဒါဆိုဖွားမေးစရာရှိတယ် "

"ဟုတ် မေးပါဖွား "

" သမီးလေး မင်္ဂလာပွဲကိုဘယ်လိုလုပ်စေချင်လဲ "

" ပြောရရင်တော့ ရိုးရိုးရှင်းရှင်းလေးပဲ သဘောကျတယ် ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး သိတဲ့သူနည်းနည်းပါးပါးကိုဘဲ မုန့်ကျွေးချင်တယ် တခြားခမ်းခမ်းနားနားကြီးတွေ သမီးမကြိုက်ဘူး"

"ဟုတ်ပြီကွယ် သမီးစိတ်ကြိုက်ဖြစ်စေရမယ် "

" သမီးတကယ် လက်ထပ်ရတော့မှာပေါ့နော် "

"  ဟုတ်တယ်မြေးလေးရဲ့ ဖွားစိတ်ထဲမှာတော့ကလေးလေးပဲ "

" ဟင့် ဖွားးး😭 အဲ့တာဆို လက် မထပ်ခိုင်းပါနဲ့လား "

" အဲ့လိုလဲ ဘယ်ရမလဲမြေးရဲ့ မောင်သက်ဦးမောင်က အကုန်စီစဥ္နေပြီလေ "

" 😞 ယောကျာ်းယူချင်သေးပူး ဖွားရယ် "

" က​ဲပါ အဆင်ပြေသွားလိမ့်မယ်နော်လာလာ "

"ဟုတ်ဖွား "

ဒီလိုနဲ့ပဲ ဝဏ္ဏာတို့ရဲ့ လက်ထပ်ပွဲလေးဟာ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး ရုံးတက်လက် မှတ်ထိုးကာပြီးဆုံးသွားခဲ့တယ်

ဘုန်းဘုန်းဆုပေးတော့ ပြုံးပြီး လက်အုပ်လေးချီနေတဲ့ ဇနီးလေးကို သက်ဦးမောင် ပြုံးပြီးကြည့်နေမိတယ်

အဖြူရောင် ရင်ဖုံးလေးနဲ့ လှလိုက်လေခြင်း။🤍

ပါးမို့မို့လေးမှာ သနပ်ခါးလေးနဲ့ ဆံပင်လေးကိုလဲထုံးထားသေးသည်။

" ကဲ ဒါဆို သား ဝဏ္ဏာ့ကိုအိမ်ခေါ်သွားတော့မယ်နော် "

" ဟဲ့နေပါအုံး သက်ဦးမောင်ရယ် ညနေပွဲတွက် ကလေးအိမ်မှာပြင်ဆင်ပါစေအုံး "

ဦးသက်ဦးမောင် အမေကဝိုင်းပြောရသည်။

" ဆရာ ညနေမှတွေ့မယ် နော် "

♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)Where stories live. Discover now