ဝဏ္ဏာ ဟိုးအရင်ကလို တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းပြန်နေနိုင်လာသည်။
မနက်ဆိုရင် ကိုကြီးလင်းထွန်းက ကျောင်းကိုလိုက်ပို့ပေးသည်။
ညနေဆိုရင် ရတီနဲ့တူတူပြန်သည်။
ဆရာနဲ့အဆက်သွယ်မရတာလဲ ၂ပတ်နီးပါးရှိနေပြီ
ဝဏ္ဏာ ဒီနေ့ညနေတော့ ဆရာ့မေမေအိမ်ကိုဝင်မယ်လို့တွေးထားသည်။
" မေမေ "
" ဟော သမီးပါလား "
" ဟုတ် ဟိုလေ ဆရာ့ကိစ္စလာမေးတာပါ မေမေ မေမေတို့နဲ့ အဆက်သွယ်ရလားဟင် "
" ရပါတယ် သမီးရဲ့ ဘာဖြစ်လို့လဲ "
" သမီးကိုမဆက်သွယ်တာ ၂ပတ်လောက်တောင်ရှိပြီမေမေ "
" ဟုတ်လား ဘာဖြစ်လို့ပါလိမ့် "
" ထားလိုက်ပါတော့မေမေရယ် သူလည်းပြန်လာခံနီးဆိုတော့ စာကိုပို အားစိုက်ရတာထင်တယ် မေမေနဲ့အဆက်သွယ်မပြတ်ဘူးဆိုရုံနဲ့တင် သမီးက ကျေနပ်ပါပြီနော် "
" အေးပါသမီးလေး မေမေလည်းပြောလိုက်ပါ့မယ် "
"ဒါဆိုသမီးပြန်လိုက်ပါအုံးမယ် မေမေ "
"အေးပါကွယ် "
" ဝဏ္ဏာ ဘာတဲ့လဲ "
" အဆက်သွယ်ရှိတယ်တဲ့ "
"ဟင် ဒါဆို နင်နဲ့က ဘာလို့အဆက်သွယ်မရတာလဲ "
" ငါလည်း မသိဘူး "
" ဟဲ့ မသိလို့ရမလား ဝဏ္ဏာရဲ့မေးလေ "
" မသိပါဘူးဟာထားလိုက် သူလည်းသူ့ဘာသာ ကိစ္စရှိလို့နေမှာပေါ့ "
" ဝဏ္ဏာ နင်ဘာဖြစ်နေတာလဲ အဲ့တာနင်တရားဝင်ယူထားတဲ့ နင့်ယောကျာ်းနော်"
" သိပါတယ် "
" နင်ဘာဖြစ်နေတာလဲ "
" ငါက ဘာဖြစ်လို့လဲ "
" နင်အရင်လိုမဟုတ်တော့ဘူး ဆရာ့ကိုလည်း နင်အချစ်တွေလျော့နေပြီ "
" သူတောင်နေနိုင်တာပဲ ငါကဘာလို့မနေနိုင်ရမှာလဲ "
" မဟုတ်ဘူး အဲ့တာတွေငါမပြောဘူး အခုဟာက နင့်စိတ်ထဲမှာကို ဆရာက မရှိတော့တာ "
YOU ARE READING
♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)
Romanceသက်ဦးမောင် ဆိုတဲ့ အသက် 27 နှစ်အရွယ် ကျောင်းဆရာလေးနဲ့ ယွန်းဝဏ္ဏာသော် ဆိုတဲ့ အသက် 16 နှစ်အရွယ် ကျောင်းသူလေးတို့ရဲ့ love story 🍓