Part-14👀 Ep-2/(uni+zawgyi)

3.2K 53 2
                                    

နောက်တစ်ပိုင်းထပ် update ပေးပါမယ်

နောက်တစ်ပိုင်းမှာ warning ပါပါမယ်နော်🌝🔞

" ဝဏ္ဏာ သမီးမျက် နှာလဲမကောင်းပါလား "

"😔"

" သမီးဘာဖြစ်လာလို့လဲ ဖွား ကိုပြော "

"ဘာမှမဖြစ်ပါဘူးဖွား "

" ဟုတ်ရဲ့လားကွယ် ဖွားကို မညာနဲ့နော် "

"ဟုတ်ပါတယ် ဖွားတကယ်ပါ "

" မောင်သက်ဦးမောင် လိုက်ပို့မယ်ဆို "

"ဟုတ် သူမအားလို့ပါ "

"အော် အင်းအင်းအင်း "

" သမီးနားတော့မယ်နော်ဖွား"

" အေးအေး သမီး "

ဝဏ္ဏာလဲ စိတ်ညစ်ညစ်နဲ့ အခန်းထဲဝင်မည် အလုပ် "

" ဟဲ့ ဝဏ္ဏာ လာပါဦးဟယ် အခန်းထဲချည်းအောင်းမနေနဲ့ "

"ဘာလဲ အမေရာ "

" အသံက ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ဘူး "

" မဖြစ်လဲပြီးတာပဲ ဒီမှာ ငှက်ပျောပေါင်း ညနေကျရင် မမူတို့အိမ်သွားပို့လိုက် "

"အမေ့ဘာသာပို့လေ "

"ဟဲ့ ငါကခိုင်းနေရင် လုပ်လိုက်လေ ငါမအားဘူး မနက်ဖြန်ကျရင်လဲ အမေ့ကို ဆေးခန်းလိုက် ပို့ရဦးမယ် "

"ဖွားကဘာဖြစ်လို့လဲ"

" ဘာမှမဖြစ်ဘူး ဖြစ်မှဆေးခန်းသွားရတာ မဟုတ်ဘူးနော် medical check ဆိုတာ လုပ်ရတယ် နင်ပါလိုက်ခဲ့ "

"မလိုက်ပါဘူး အမေရယ် သွားပါ ကိုယ့်ဘာသာကိုယ် အမေ့မှာရှိတဲ့ရောဂါတော့သမီးသိတယ် "

"ဘာလဲ"

"အပြောနိုင်ဆုံးရောဂါလေ"

"ဒီကောင်မစုတ်လေးကတော့"

"ဟီးဟီးဟီး"

ဝဏ္ဏာလဲ စိတ်ပြေလက် ပျောက်ရေချိုးခေါင်းလျှော်လိုက်ပြီး သီချင်းနားထောင်ရင်း အိပ်ပျော်သွားသည်။

ညနေ 4 : 30 လောက်ကျတော့နိုးလာပြီး

အမေ့စီက ငှက်ပျောပေါင်းဗူးလေးယူကာ ကိုကြီးလင်းထွန်းအိမ်ကိုထွက်လာ လိုက်သည်။

♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)Onde histórias criam vida. Descubra agora