Part-14🔥 Ep-1/ (uni+zawgyi)

3.3K 60 1
                                    

မင်မင်မနေ့က accident သေးသေးလေးဖြစ်လို့ update မပေးဖြစ်တာပါနော်☹️

ဒီနေ့ အပိုင်းသေးသေးလေးတွေခွဲပြီး update ပေးပါ့မယ်နော်

ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးပါ😝

Warning🚩🔞

ဝဏ္ဏာဒီနေ့ မနက်စောစောနိုးနေသည်။

ဆရာ့ကို မနေ့ညကတည်းက ဖုန်းခေါ်လို့မရပါ။

" သမီးနိုးပြီလား "

"ဟုတ် Morning "

" သမီး တို့ တက်ဖို့ သင်တန်းကို ဆရာကစီစဥ္ပေးမယ်တဲ့ "

"ဘာသင်တန်းလဲမေမေ "

"computer နဲ့ eng speaking "

" ဟုတ်ကဲ့ ဘယ်တော့လဲဟင် "

"ဒီအပတ်ထဲပဲ သမီး ရဲ့ ကလောမပြန်ခင်လေး တက်သွား "

"ဟုတ် "

"ကလောက ရော သွားချင်တာသေချာလား"

"သေချာပါတယ် မေမေ "

"ဟုတ်ပြီဟုတ်ပြီကဲ စားစား "

ဝဏ္ဏာလဲ မနက်စာစားပြီး ဘာမှလုပ်စရာမရှိတာနဲ့ ခြံထဲဆင်းပြီး ထိုင်နေလိုက်တယ်။

ဆရာ့ acc က active လဲ မဖြစ် ဖုန်းကလဲခေါ်မရတာကြောင့် ဝဏ္ဏာစိတ်ပူလာရသည်။

ဘာလုပ်ရမှန်းမသိတော့တာကြောင့် ရတီ့စီဖုန်းဆက်လိုက်ဖို့စဥ္းစားမိသည်။

!!! တီတီတီတီ !!!!

ကားသံကြားတော့ ဝဏ္ဏာမျှော်နေတဲ့ဆရာဖြစ်နေသည်။

ဝဏ္ဏာပြေးကြိုဖို့ ခြံတံခါးနားရောက်လာတယ်။

" ဆရာ ဘာတွေလုပ်နေတာလဲ ဖုန်းလဲမကိုင်ဘူး ဝဏ္ဏာက စိတ်ပူနေတာကို "

" အဖွားတို့ရှိလား "

"ဟုတ်ရှိတယ် ချိုင့်ထဲမှာဘာတွေလဲ ပေးသမီးကူသယ်ပေးမယ်"

"မလိုဘူး"

ဆရာဘာဖြစ်နေတာလဲဆိုတာ ဝဏ္ဏာကိုယ်တိုင် မသိတော့

ဆရာ့နောက်ကိုပဲပြေးလိုက်သွားမိတယ်

" အော် အမ ကျွန်တော့်အမေ ကိုယ်တိုင်ချက်ထားတဲ့ အုန်းနို့ခေါက်ဆွဲလေး လာပို့တာ အမရေ "

♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)Donde viven las historias. Descúbrelo ahora