Part - 3🥝 (uni+zawgyi)

6K 132 4
                                    

၁ပတ်ခန့်ကြာသော်...

ဒီနေ့က ဝဏ္ဏာရဲ့ အသင်းတာဝန်ကျတဲ့နေ့

​ကျောင်းကိုစောစောသွားရမည်ဖြစ်သောကြောင့်

Ferry နှင့်မလိုက်

အတန်းထဲဝင်တော့ ဆရာ့ကိုမတွေ့သို့ပေမယ့် ဆရာမ နှင်းပွင့်ဖြူကိုတော့ တွေ့သည်။

ဝဏ္ဏာလဲ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ရတီ့ကိုစောင့်နေလိုက်သည်။

အတန်းချိန်စတဲ့အထိ ဆရာကရောက် မလာပါ

" အားလုံးပဲ ဆရာကဒီနေ့ နေမကောင်းလို့ခွင့်ယူထားတယ် မင်းတို့လိမ်လိမ်မာမာနေကြပါ "

ဆရာနေမကောင်းဘူးတဲ့လား ဘယ်လိုဖြစ်တာပါလိမ့်လို့တွေးမိလိုက်သည်။

ဆရာမလာသောကြောင့် စိတ်လဲမပျော်ပါ

" ဟဲ့ မနေ့က Eco နင်အိမ်စာရေးလာလား "

" ဟဲ့ ယွန်းဝဏ္ဏာသော် "

"ဟင် ရတီ ဘာပြောလိုက်တာလဲ "

" ဒီနေ့ Eco အိမ်စာရေးလာလားလို့ "

" ဟာအေး ဟုတ်သားပဲ ငါရေးဖို့မေ့နေတာ နောက်တစ်ချိန်က Eco ချိန်ပဲ လာမြန်မြန်ရေးရအောင် "

ဝဏ္ဏာလဲ အိမ်စာမေ့လာတာကြောင့် သင်္ချာဆရာမချိန်မှာ အိမ်စာခိုးရေးနေမိသည်။

" ယွန်းဝဏ္ဏာသော် ဘာတွေရေးနေတာလဲ "

" ရှင် တီချယ် "

" ငါ့ချိန်မှာ ငါ့စာပဲလုပ်တာကြိုက်တယ်နော် လာအတန်းရှေ့ကိုထွက်ခဲ့ "

" ဟုတ်တီချယ် "

ဝဏ္ဏာအတန်းရှေ့ရောက်တော့ တီချယ်က ဝဏ္ဏာ့ရဲ့လက်ကို ပေတံနှင့် ၃ချက်ခေါက်သည်။

ဝဏ္ဏာရှက်လဲရှက် ဝမ်းလဲနည်းမိသည်။

တစ်သက်နှင့်တစ်ကိုယ် ဒီလိုအရိုက် မခံရဖူးပါ

နောက်တစ်ချိန်ရောက်တော့ လဲ စာမပြီးသေးတာကြောင့် ပေတံနဲ့အရိုက်ခံရပြန်သည်။

ဝဏ္ဏာကံတော်တော်ဆိုးနေသည်။

ကျောင်းဆင်းခံနီး ဝဏ္ဏာ့အမေရောက်လာသည်။

" ဝဏ္ဏာ"

"ရှင် အမေ "

"ညည်း တီချယ် သဇင်နဲ့လိုက်သွား ပြိုင်ပွဲတွက် ဆရာ့အိမ်မှာပြင်ဆင်စရာရှိတာပြင်ဆင် "

♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)Donde viven las historias. Descúbrelo ahora