Part-19💘(uni+zawgyi)

2.6K 60 1
                                    

" လင်းထွန်း ဝဏ္ဏာက ငါ့ရည်းစားဆိုတာ မင်းမသိဘူးလား "

" ဆရာစိတ်လျှော့ပါ "

"သိတယ် ဦးသက်ဦးမောင် ဒါပေမယ့် ကျွန်တော်သူ့ကိုပိုင်ဆိုင်ဖို့ကြိုးစားနိုင်သေးတယ် "

" ဆုတောင်းလေ ဒါက ငါ့ဇနီးလောင်း "

" ဝဏ္ဏာ မင်း ဘယ်သူ့ကိုရွေးချယ်မှာလဲ "

" ကိုကြီးလင်းထွန်း ညီမနဲ့ဆရာက ချစ်သူတွေပါ ဝဏ္ဏာတောင်းပန်ပါတယ် ဝဏ္ဏာ ဆရာ့ကိုပဲ ရွေး ရ မှာ ပါ "

ကိုကြီးလင်းထွန်းကချက်ချင်းမျက်နှာပျက်သွားပြီး ထွက်သွားသည်။

အန်တီမမူတို့လဲ တောင်းပန်ပြီးပြန်သွားကြသည်။

" ဝဏ္ဏာ "

"ဝဏ္ဏာ နားချင်ပြီ ပြန်လိုက်တော့ဆရာ "

ထို့သို့ပြောပြီး အခန်းထဲဝင်သွားလိုက်သည်။

ဖြစ်သမျှ ကိစ္စတွေကို  ဝဏ္ဏာမေ့ပစ်ချင်သည်။

နောက်တစ်နေ့ကျောင်းကိုနောက်ကျမှ ဝဏ္ဏာသွားဖြစ်သည်။

မနက်ပိုင်းတစ်ချိန်ကို ခွင့်ယူလိုက်သည်။

" ဝဏ္ဏာ "

"အော် အကိုပါလား ဘာကိစ္စရှိလို့လဲ "

" ပွင့်လွှာ နေမကောင်းလို့ အကိုလာခေါ်တာ "

" အော် ဟုတ် "

" မျက်နှာမကောင်းပါလား ဝဏ္ဏာ "

" ဟုတ်တယ် "

"ဘာကိစ္စရှိလို့လဲ အကို့ကိုပြောလေ "

" ဒီလိုပါပဲ နှလုံးသားရေးတွေပေါ့ "

" ဘာလဲ လက်ထပ်တော့မလို့လား "

" ဟုတ်တယ် ဒီနှစ်ပြီးရင် လက်ထပ်ရတော့မှာ "

" ဘယ်လို တကယ်ပြောနေတာလား "

" ဟုတ်တယ် ဆရာသက်ဦးမောင်နဲ့ "

" ဘယ်လိုဖြစ်တာတုန်း "

"ဝဏ္ဏာသူနဲ့တွဲနေတာ အကိုရဲ့ တစ်ပြိုင်ထဲမှာပဲ ဝဏ္ဏာ့ရဲ့ အချစ်ဦးကြီးက လက်ထပ်ခွင့်တောင်းတယ် ဟူးးးးပြဿနာတွေအစုံပါပဲ "

" ကိုယ်နှမြောလိုက်တာ ဝဏ္ဏာရယ် "

"ဟင်"

" သူတကယ်ချစ်တာဆို ဝဏ္ဏာကံကောင်းပါတယ် သူ့ပုံစံက လူကြီးလူကောင်းပုံစံပါ "

♡𝓮𝓵𝓸𝓭𝔂♡ (𝕔𝕠𝕞𝕡𝕝𝕖𝕥𝕖)Where stories live. Discover now