[Zawgyi]
ကိုကြီး"မမကြည့်ပါဦး ဟိုအစ်ကိုကြီးသနားပါတယ် ထော့နဲ့ ထောနဲ့ နဲ့ ခြေထောက်ခေါက်သွားတာလားမသိဘူး"
လူရည်ချွန်ပြိုင်ပွဲမှာ စတွေ့ခဲ့တဲ့ကိုကြီး။ ၈တန်းကျောင်းသားပေမဲ့ ရင်အုပ်ကျယ်ကျယ် လက်မောင်းကြွက်သားများနှင့်ကိုကြီး။ စွပ်ကျယ်အဖြူကို အားကစားဘောင်းဘီတို အနီလေးနှင့်တွဲဝတ်ထား
သည့်ကိုကြီး။ အသားညိုညိုဖြင့်တောင့်တောင့်တင်းတင်းခန္ဓာကိုယ်ပိုင်ရှင် ကိုကြီး။"တော်လိုက်တာ မြောက်ဥက္ကလာတစ်မြို့လုံးပထမတဲ့"
ကြော်ညာဘုတ်ထိပ်ဆုံးတွင် အဌမတန်း
မြောက်ဥက္ကလာပတစ်မြို့လုံးပထမ ဆိုသည့်
ဂုဏ်ပုဒ်ကြီးဖြင့်နေရာယူထားသည့်ကိုကြီး။ စာတော်တယ်ဆိုသော ဂုဏ်ဖြင့် ဆရာများပါးစပ်ဖြားစွဲနေသည့်ကိုကြီး။ အငယ်များ၏လေးစားအားကျခြင်းကိုခံရသောကိုကြီး။"ကိုကြီး ကိုကြီး ကိုကြီးက ကို - - လား"
"အင်း"
"ဘယ်လိုကိုကြီးပါလိမ့် တစ်ခွန်းပဲပြန်ဖြေတယ်"
တစ်နှစ်အကြာ ကျွန်မတို့ အ.ထ.က (၁) သို့ပြောင်းရွှေ့လာသော နဝမတန်းကျောင်းသားကိုကြီး။ ကျွန်မနှုတ်ဆက်တာတောင် တစ်ချက်လေးပဲပြုံးပြပြီး ငိုက်စိုက်ငိုက်စိုက်ဖြင့် လမ်းလျှောက်သွားသောကိုကြီး။ အနေအေးသည့်ကိုကြီး စကားနည်းသည့်ကိုကြီး။
"ကိုကြီး ဓာတ်ပုံလာယူတာလား"
"အင်း စာမေးပွဲပြီးပြီမလား"
"ပြီးပြီ ကိုကြီး"
"ပိတ်ရက်အားနေတာ speaking လာတက်ပါလား"
"ဟုတ်ကဲ့ ကိုကြီး"
လောလောလတ်လတ် ၁၀တန်းဖြေထားသောကျွန်မအား ဓာတ်ပုံဆိုင်တွင်တွေ့တော့ speaking သင်တန်းလာတက်ဖို့ခေါ်တဲ့ ပထမနှစ်ဆေးကျောင်းသားကိုကြီး။ သင်တန်းမှာ ရှေ့ဆင့်နောက်ဆင့်ထိုင်ပြီး ကျွန်မငေးခဲ့ရတဲ့ကိုကြီး။ စာမေးခံရလျှင် မပွင့်တပွင့်ဖြေတတ်သည့်ကိုကြီး။ ရှက်တတ်လွန်းသည်မို့ ကျွန်မကြိတ်ပြီး အသည်းယားရသည့်ကိုကြီး။