Medicine 1

981 68 16
                                    

Zawgyi

ဆေရုံးမှာ ၁နှစ်ကြာလောက် သတိမေ့ပြီး ပြန်သတိရလာတာ ဘယ်လောက်မှ မကြာသေးသည့် မိန်းကလေး တစ်ယောက်သည် အခုတော့ ဆေးရုံခေါင်မိုးပေါ်မှာ ဆေးလိပ်ဖွာနေသည်။

ခနကြာတော့ ရွာချလာသည့်  မိုးရေတွေကြောင့် နာကျင်မှုတွေ ပြေပျောက်မလားဘဲ ဆိုသည့် အတွေးနှင့် မိုးစက်တွေအောက် အကာအကွယ်မပါဘဲ ရပ်နေမိသည်။
"မပျောက်သွားပါလား"ဆိုပြီး မီးစမရှိတော့သည့် ဆေးလိပ်ကို အောက်ကိုချကာ ခြေထောက်နှင့် နင်းခြေလိုက်သည်။

"ရှင်ဘာရပ်လုပ်နေတာလဲ မိုးရွာနေတာ သိရဲ့သားနဲ့ "
အနောက်က ဆူသံကြားမှ မိုးရေထဲမှာ ရပ်နေသည့် မိန်းကလေးသည် အနောက်သို့ လှည့်ကြည့်လိုက်သည်။

အနက်ရောင် ထီးကလေးအောက်မှာ အဖြူထည်အင်္ကျီလေးနှင့် လည်တိုင်မှာ နားကြပ်ကလေး ရှိသည့် မှန်ကြောင်ဒေါက်တာမလေး။
ဆံပင်ပုံစံကလည်း ဆံမိတ်ကလေးနှင့်ကြောင့် တစ်ခြားသူတွေနှင့် မတူဘဲ သူ့ကိုယ်ပိုင်ပုံစံလေးနှင့် ချစ်စရာကောင်းနေသည်။

"ဟို ယောင်း ဘာမှမလုပ်ရပါဘူး ဒီလိုပဲ နာကျင်မှုတွေများ ပြေပျောက်မလားလို့"ဆိုကာ ယောင်းပြောလိုက်တော့ ဒေါက်တာမလေးဟာ အနက်ရောင်ထီးလေးနှင့် မျက်မှောင်လေး ကျုံ့ကာ ယောင်းအနားလို့ လာလေသည်။

'ကင်မ်နဲ့ အဲ့လောက်တောင် တူရလား မတူတာဆိုလို့ ရှည်တာနဲ့ သေးတာလေးပဲလား'

"ဒီမှာ ရှင်က ကျွန်မ လူနာနော် ဒါကြောင့် ကိုယ့်အခြေအနေကို နားလည် ဒီလိုမိုးရေထဲမှာ နေနေလို့ ရှင်ရဲ့ နာကျဉ်မှုတွေက ပျောက်သွားမှာလား"
ယောင်းရှေ့ နီးကပ်စွာ ဆူငေါက်နေသည့် ဒေါက်တာမှန်ကြောင်လေး..... ကင်မ်ရဲ့ ဆူသံတွေ ဖြစ်လို့ မရဘူးလား ဒေါက်တာမလေး မဟုတ်ဘဲ ကင်မ် ဖြစ်လို့ မရဘူးလား။

လီကတာ ဆူနေတာ အရှေ့က ယောင်းဆိုတဲ့ တစ်ယောက်ကတော့ သူ့ကိုစိုက်ကြည့်ကာ ဘာတွေတွေးနေတာလဲ မသိ။
ပြီးတော့ သူ... သူ ငိုနေတာပဲ... အို ဘာတွေများ ဒီလောက်တောင် နာကျင်နေရတာလဲ ယောင်းရယ်။

ယောင်း ကိုယ့်ကိုယ်ကို ငိုနေတယ်ဆိုတာတောင် မသိ အရှေ့က ဒေါက်တာမလေးက ကိုယ့်မျက်ရည်တွေကို လာသုတ်ပေးမှပဲ သိတော့သည်။
"ဘာတွေများ ဒီလောက် နာကျင်ရလို့လဲ လီ့ကို ပြောပြလေ ဒါဆို နည်းနည်းသက်သာသွားနိုင်တယ် မလား"
ဆူငေါက်သံနှင့် မတူဘဲ ချော့မော့ပြီး နူးနူးညံ့ညံ့ပြောလာသည့် ဒေါက်တာမလေးကြောင့် ယောင်း ပိုပြီး ငိုချင်သွားသည်။

M.E.D.I.C.I.L.E [Completed]Where stories live. Discover now