Medicine 2

444 43 9
                                    

Zawgyi

"ကျွန်မကတော့ ရှင့်ကို မတွေ့လို့ ရှာလိုက်ရတာ ရှင်ကတော့ ဒီမှာ ဆေးလိပ်သောက်နေတာပေါ့ ဟုတ်လား ပေးစမ်း အဲ့ဒီဆေးလိပ်"
လီ ဆေးရုံခေါင်မိုးပေါ်က ခုံမှာ ထိုင်ရင်း ဆေးလိပ်သောက်နေသည့် သူ့ဆီမှ ဆေးလိပ်ကို ယူကာ အောက်ကိုချလိုက်ပြီး နင်းခြေလိုက်သည်။

ကိုယ်ကတော့ သူ့ကို အကြိမ်ကြိမ် မသောက်နဲ့လို့ ပြောထားတာကို သူကတော့ စကားနားထောင်မည် မဟုတ်။
"ယောင်း ကင်မ့်ကို သတိရလာလို့ သောက်မိတာပါ"

မျက်နှာငယ်နှင့် ပြောလာပေမယ့်လည်း သူ့လို တစ်ဖက်နားက နားထောင်ပြီး နောက်တစ်ဖက်က ပြန်ထွက်သွားသည့် လူကို ခွင့်လွှတ်နိုင်မည် မဟုတ်။
"ဆေးလိပ်သောက်လိုက်တော့ ရှင်သူ့ကို မေ့သွားရောလား"
ဒေါက်တာမလေး မေးတော့ ယောင်းခေါင်းခါလိုက်သည်။

ကင်မ်ကို ဘယ်လိုအရာတွေနဲ့မှ မေ့ပျောက်အောင် မလုပ်နိုင်ဘူး။
မိုးတိမ်တွေ ဖုံးတဲ့အချိန် ကင်မ့်ကို ပတ်ချယ် ချောကလက်ပူပူလေး သောက်မလားလို့ မေးသည့် ကင်မ့်ကို သတိရသည်။
ဆေးလိပ်ကို သောက်ချင်တိုင်းလည်း ပတ်ချယ် ကျွန်မ မကြိုက်ဘူးလို့ လာလာဆူသည့် ကင်မ့်ကို သတိရသည်။
ကင်မ်ကသာ ယောင်းအတွက် အရာရာဖြစ်ခဲ့တာ ယောင်းကတော့ ကင်မ့်အတွက် အဲ့လို ဟုတ်ချင်မှ ဟုတ်ခဲ့မှာ... ။

"အဲ့ဒါပြောတာလေ မမေ့နိုင်တာကို ဘာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် ထိခိုက်အောင် လုပ်နေတာလဲ"

"ဒေါက်တာရယ် ဒေါသလေး နည်းနည်း လျှော့ပါဦး ဘာလို့ ယောင်း ဆေးလိပ်သောက်တာကိုပဲ လာလာပြောနေတာလဲ"

"ကဲ ထားလိုက်တော့ "ဟု ဆိုပြီး လီလည်း သူ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။

"ရှင် ကျွန်မကို ပြောပြမယ်ဆို"

"ဘာကိုလဲ ဟင်"

"ရှင် မသိချင်ယောင်ဆောင်နေတာလား ညတုန်းကပဲ ရှင်ကျွန်မကို ရှင့်ရဲ့ကင်မ်အကြောင်း ပြောပြမယ်ဆို အခုပြောပြတော့"

"အင်း.. ဒါပေမယ့် နည်းနည်းရှည်တော့ ဒေါက်တာ့မှာ အချိန်ရှိရဲ့လား"

"ရပါတယ် အခု ကျွန်မရဲ့ အချိန်တွေက ရှင့်အတွက်ပဲ"
ယောင်းဘက်ကို လှည့်ကာ ဖလစ်သလို ပြောလာသည့် ဒေါက်တာ။
ယောင်းရဲ့ ရင်တွေက သူ့ကြောင့် နောက်တစ်ခါ အခုန်မြန်တက် လာပြီလား။
ကင်မ်ပြီးရင် ယောင်းကို ရင်ခုန်အော်င် လုပ်နိုင်တာ သူများလား။

M.E.D.I.C.I.L.E [Completed]Where stories live. Discover now