Zawgyi
ဟိုတစ်နေ့ကတည်းက စိတ်ဆိုးသွားသည့် လီသည် ယောင်းဆီသို့ ဖုန်းလည်း မဆက်သွယ်သလို လူလည်း လာမတွေ့ပါ။
ပြောရမယ်ဆို လီလီ တစ်ယောက်ထဲ မဟုတ်ပါဘူး ကင်မ်ကော ယောင်းဆီသို့ မလာခဲ့တော့ဘူး။
"ဘာလို့လဲဆိုတော့ သူက လက်ရှိ ယောင်းရဲ့ ချစ်သူမို့လို့လေ"ဟု ဆိုပြီး
'ထိုနေ့က ယောင်းပြောလိုက်သည့် စကားကြောင့် များလား။
ဒါပေမယ့် ယောင်း ပြောတဲ့ စကားက မှန်နေတာပဲမလား... ပြီးတော့ သူနဲ့က ဆိုင်မှမဆိုင်တော့ဘဲ ဆိုင်ချင်တယ်ဆို အစထဲက ထားမသွားသင့်တာကို'
.................................................................
ဒေါက်ဒေါက်
"ဝင်ခဲ့ပါ"
'မကြားရတာ. ကြာပြီ ဖြစ်သည့် အသံ ဆာဆာလေးကို ကြားလိုက်ရတော့ ရင်ထဲ အေးချမ်းသွား ရလေသည်'"လီလီ"
ယောင်း ခေါ်လိုက်တာနှင့် လီလီဟာ ခဏတာ မော့ကြည့်ပြီး ဖိုင်တစ်ခုကို ပြန်ပြီး ကြည့်နေသည်။'ယောင်း ရောက်လာတာ စိတ်ထဲ၌ ပျော်သွားပေမယ့်လည်း နည်းနည်းတော့ စိတ်ဆိုးနေသေးသည်မို့ ခပ်တည်တည်ပဲ နေနေလိုက်သည်'
"ဘာလာလုပ်တာလဲ Park Chaeyoung shi "
'ယောင်းလို့ အမြဲခေါ်နေသည့် သူက ထိုသို့ ခေါ်လာတော့ ယောင်း စိတ်ထဲ ဝမ်းနည်းရသည်။"ယောင်းက လီလီ့ဆီက ဘာအဆက်အသွယ်မှ မရလို့.. လာခဲ့တာပါ "
"ကိုယ်က မင်းလို အားနေတဲ့ သူမဟုတ်ဘူး"
'လီ ထိုစကားကို ပြောတော့ တစ်ဖက်မှ တိတ်ဆိတ်သွားသည်ကို သတိထားမိ၍ မော့ကြည့်လိုက်သည်။'အို.. ဘုရားရေ လီပြောတာ လွန်သွားပြီ'
လီချက်ချင်းပဲ ထိုင်နေရာမှ ထကာ မျက်ဝန်းလေးတွေမှာ မျက်ရည်လေးတွေ သီနေသည့် ထိုကောင်မလေး အနားသို့ ချက်ချင်း သွားလိုက်သည်။
"ယောင်း လီ. တောင်းပန်ပါတယ် လီ လွန်သွားတယ်"
ဟု ဆိုတာ သီဝဲနေသည့် ထိုကောင်မလေး၏ မျက်ရည်စလေးများကို သုတ်ပေးလိုက်သည်။"ရပါတယ် လီ ပြောတာက အမှန်ပဲလေ လီက ဒေါက်တာတစ်ယောက်ဆိုတော့ ယောင်းလို အားယားနေတဲ့ သူမှ မဟုတ်တာ. ယောင်းကတာ အလုပ်မရှိ အကိုင်မရှိ အားယားနေတာ"
"မဟုတ်ဘူး မဟုတ်ပါဘူး ယောင်းရယ် ယောင်းက အဲ့လိုလူ မဟုတ်ပါဘူး လီ့ရဲ့ ယောင်းက ပန်းချီဆရာမလေးလေ အလုပ်မရှိတဲ့သူ မဟုတ်ပါဘူး"
YOU ARE READING
M.E.D.I.C.I.L.E [Completed]
Roman d'amour.'ပတ်ချယ်ကို jenတာ ပိုင်ဆိုင်ချင်သည် နာကျင်မှုတွေ ပေးခဲ့ပေမယ့် အဲ့နာကျင်မှုတွေကို jen ကိုယ်တိုင်ကပဲ ပြန်လည် ကုစားပေးချင်သည် ပတ်ချယ် ခွင့်ပြုမယ် ဆိုရင်ပေါ့' ယောင်း နာကျင်နေရင် လီလည်း နာကျင်ရတယ် ယောင်း ဝမ်းနည်းနေရင် လီ့မှာ ကမ္ဘာကြီးပျက်နေရပြီ ဒါကြောင့် ေ...