Medicine 4

290 32 4
                                    

Zawgyi

"တို့ ပြန်လာပြီ ပတ်ချယ်... တို့ ပြန်လာပြီ"
Jennie ကိုရီးယားဆိုသည့် အမိမြေကို ခြေချမိသည်။
ပျော်သည်...စိတ်ချမ်းသာသည် ချစ်ရသူကိုလည်း ကိုယ့်အပိုင်အဖြစ် သိမ်းတော့မယ်...

အဟင်း..အဟင်း ပြောရမယ်ဆို. နဂိုထဲက ကိုယ့်အပိုင်ပဲမလား။အခုက တရားဝင်ဖြစ်အောင်ပဲ ကြေညာရတော့မှာပေါ့။

ဒေစီတွေရဲ့ သခင်က နှင်းဆီသခင်မလေးကို အပိုင်သိမ်းတော့မည်။

"ဟယ်လို.. အေး မင်းတို့ ဘယ်မှာလဲ"
Jennieကို လာကြိုသည့် အပါးတပည့်များကို ပြောလိုက်ခြင်းပင်။
စိတ်ရှုပ်တယ် အမြဲတမ်း jenမှာ လွတ်လွတ်လပ်လပ် နေရသည် ဆိုတာ မရှိ။
ဒီတစ်ခါတော့ အပါးကတိတည်မှ ဖြစ်မှာ... ကတိမတည်လျှင်လည်း ဆန့်ကျင်ရမှာပဲ ကိုယ်မှ မဆန့်ကျင်လျှင် ပတ်ချယ်ကို ဒီတစ်သက် ကိုယ်ပိုင်တော့မည် မဟုတ်တော့ပေ။

"မမလေး. ကျွန်တော်တို့ ဒီမှာ.. မမလေး ကျွန်တော်တို့ သယ်ခဲ့ပါ့မယ်"
Jennie ဘေးနားကို ရောက်လာသည့် အင်္ကျီအမဲရောင် ဝတ်ထားသည့် လူနှစ်ယောက်လက်ထဲ luggageအိတ်ကို ပေးလိုက်ပြီး ခပ်တည်တည်ပဲ လျှောက်သွားလိုက်သည်။
.
.
.
ကြီးကျယ်လှသည့် ခြံထဲသို့ ၅မိနစ်လောက်ပင် မောင်းမှ အိမ်ရှေ့သို့ ရောက်လေသည်။
"jen အိုမား သမီးလေး လာလာ ချောလာလိုက်တာ အိုမား သမီးလေးက"
အိမ်ပြန်ရောက်တော့ jenအား ကြိုဆိုနေသည့် အိုမားကြောင့် အမောလေးတော့ ပြေရပါသေးသည်။

"အိုမား နေကောင်းတယ်မလား"
ဟု jennie Kim အိုမားကို ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။

"အေးအေး ကောင်းတာပေါ့ကွယ် လာလာ အိမ်ထဲဝင်ကြမယ် သမီးအပါး ဧည့်ခန်းမှာ စောင့်နေတယ်"
အပါး.. အပါးက အဲ့လိုပဲ.. ဘယ်တော့မှ ကိုယ်တိုင် မလုပ်တတ်ဘူး တစ်ခုခုဆို ခိုင်းပဲ ခိုင်းတတ်တာ... အခုလည်း ကိုယ့်သမီးကို အိမ်ရှေ့လေးတောင် ထွက်မကြိုနိုင်။

"အပါး"
ခမ်းနားလှသည့်.. Jennieတို့ မိသားစုပုံ ပန်းချီကားများကို တစိမ့်စိမ့် ကြည့်နေသည့် အပါးကို jennie ခေါ်လိုက်သည်။

"jennie Kim  ပြန်လာပြီပေါ့.. အခုကော မေ့သွားပြီလား"
မေ့သွားပြီလား... အပါးရဲ့စကား ဘာကို ရည်ညွှန်းလဲဆိုတာ jen ကောင်းကောင်းသိတာပေါ့.. ။
ဒါကြောင့် အပါးကို ပြုံးပြပြီး.. .....

M.E.D.I.C.I.L.E [Completed]Where stories live. Discover now