လူလိမ် အပိုင်း5
ဖုန်းက နာရီနိုးစက်သံကြောင့် နိုးလာတဲ့
ဂျီမင်း**ငါညက ရေတောင်မချိုးရပါလား ဝါးးး**
အိပ်မဝသေးပေမဲ့လဲ အပေါ်က သူဌေးလေးကိုသွားကြည့်ရဦးမှာမို့ ထပြီးရေမိုးချိုးလိုက်သည်
အခန်းပြင်ထွက်လာတော့ ဒေါ်ကြိးတောင်ရောက်နေပြီ
"နိုးလာပြီလားသား"
" ဟုတ် ဒေါ်ကြီးက အစောကြီးလာရတာလား"
" မဟုတ်ပါဘူး ဒေါ်လေးကိုက အစောကြိးနိုးလို့ လာခဲ့တာ အကျင့်လဲ ပါနေပြီဆိုတော့ လာ ဒီမှာ သားအတွက် နို့နဲ့ မုန့်လုပ်ထားပေးတယ် စားလိုက် ပြီးရင် သားသူဌေးလေးအတွက်ပါယူသွားပေးလိုက် "
"ဟုတ် "
ဒေါ်ကြိး ပြင်ထားပေးတဲ့ မနက်စာကို စားပြိးသူဌေးလေးအတွက်ယူကာအပေါ်တက်လာလိုက်သည်
ဟင် တံခါးက ဖွင့်မရပါလား လက်ကလဲမအား ဒုက္ခပဲ ဒီအတိုင်းပဲ ခေါ်ကြည့်လိုက်မယ်လေ
" အကိုလေး အကိုလေး"
နှစ်ခွန်းပဲခေါ်ရသေးတယ် တံခါးက
သူ့အလိုလို ပွင့်လာသည် ဂျီမင်းလဲ အံ့ဩစွာနဲ့ပဲ အခန်းထဲ ဝင်လိုက်တော့ ကုတင်ပေါ် ငုတ်တုတ်ထိုင်နေတဲ့ သူဌေးလေး" နိုးနေပြီလား ဒီမှာ ဒေါ်ကြိး အကိုလေးအတွက် ပြင်ပေးလိုက်တယ်"
"ဟိုမှာ တင်ထားလိုက်"
နို့ဗန်းလေးကိုင်ထားပြိးဝင်လာတဲ့ ကောင်လေးကို ခနတော့ငေးမိသွားသည် အသက်၂၀သာပြောတာ ဘာလို့ ကလေးတစ်ယောက်လို ချစ်စရာကောင်းနေရတာလဲ
" အကိုလေး မျက်နှာသစ်ပြီးပြီလား"
" မသစ်ရသေးဘူး မင်းကိုစောင့်နေတာလေ"
" Ok အခု ကျနော် လုပ်ပေးမယ်"
" ဟိုမှာ ပစ္စည်းတွေ"
" ဟုတ်"
ကုတင်နား စားပွဲခုံတစ်လုံးကပ်ကာ
ရေတစ်ဖလားနဲ့ သွားတိုက်တံ ဆပ်ပြာယူလာပေးလိုက်သည် အညစ်ကျေးရေတွေထည့်ဖို့လဲ ဖလားတစ်လုံးအလွတ်ယူထားပေးလိုက်သည်
YOU ARE READING
လူလိမ်
Fanfictionလူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်