14

1.7K 172 5
                                    

လူလိမ်14

ဒီနေ့အလုပ်ပြန်လာတော့ ကလေးအကိုဆီဖုန်းဆက်ပြီး တစ်ညလောက်ခေါ်‌အိပ်ဖို့ ခွင့်တောင်းကာ ကလေးကို ‌အိမ်ခေါ်ခဲ့သည်

ကလေးကလဲ လက်ထပ်ဖို့ ရက်ရွေ့
ငြင်းနေပေမဲ့ အိမ်ခေါ်ရင်တော့ တစ်ခါမှမငြင်းပဲ  လိုက်ခဲ့ပါသည်

"ပြန်လာကြပြီလား ဪ ဂျီမင်းလေးလဲ ပါလာတာကိုး"

" ဟုတ် ဒေါ်ကြီး "

" သားတို့စားဖို့ ဒေါ်လေး ပြင်လိုက်ရမလား"

" ဒေါ်လေး ဒီညကျနော်သောက်မလို့ အမြည်းပဲ လုပ်ပေး ပြိးတော့ ကာရာအိုကေခန်းမှာ သွားပြင်ထားပေးနော် ကျနော်တို့ရေချိုးပြီးတာနဲ့ တက်သွားမှာ"

"အေးအေး ‌ ဒေါ်လေး အဆင်သင့်လုပ်ထားပေးမယ်"

" လာ ကလေးလေး "

ပြောပြိးတာနဲ့လက်ဆွဲအိတ်တစ်ဖက်နဲ့ ဂျီမင်းကိုကောက်ချီကာ ဓတ်လှေကားနဲ့ အခန်းဆီကို တက်လာကြသည်

အခန်းထဲရောက်တာနဲ့ အိတ်ကိုဆိုဖာပေါ်ပစ်တင်လိုက်ပြီး ကလေးကိုတော့ အိပ်ယာပေါ်ပစ်တင်ကာ အပေါ်က အုပ်မိုးပြီး အနမ်းတွေအဆက်မပြတ်ကျဲချလိုက်သည်

" ‌အကိုလေး ရေချိုးဦးလေ"

" ချိုးမယ် ခနလေး ငြိမ်ငြိမ်နေပေး‌ဦး"

အကိုမျက်နှာကိုကြည့်ရတာ ဟိုစိတ်တွေဝင်နေတဲ့ပုံပဲ အကြည့်ကြီးတွေကလဲ ရင်တုန်လိုက်တာ ဒါကြောင့် ငြိမ်ငြိမ်လေးသာ
နေနေလိုက်သည်

."အ့..."

" နာသွားလား အသဲယားလို့ပါ"

" ကြာကြာနမ်းချင်ရင် ငြင်ငြင်သာသာနမ်းပေါ့
ခများကြီးက "

" စိတ်ဆိုးသွားတယ်ပေါ့ ဟုတ်လား"

" ဟုတ်တယ် ချွတ် ရေချိုးမယ်"

အောက်ကနေပြီး ကျနော့် နကတိုင်ကိုဖြုတ်လိုက်ပြီး ကြယ်သီးတွေပါ ဖြုတ်လာပေးသည်

" တူတူချိုးမယ်မလား"

"အင်း"

အင်းကျီတွေ ချွတ်ပေးလိုက်ပြိး ပေါ်လာတဲ့ ရင်အုပ်ကြွက်သားမာမာတွေကို လက်သေးသေးလေးနဲ့ လိုက်ပွတ်ကြည့်‌သည်

လူလိမ်Where stories live. Discover now