လူလိမ် 17
ဂျောင်ကုတစ်ယောက် ကုမဏီပြန်မလာခင် ဟန်နာဖုန်းဆက်လာသည် ကလေးများ
ဘာဂျီကျနေလို့လဲ တွေးမိပေးမဲ့ ဟန်နာပြောလာတာက နင့်ရဲ့ဘေဘီ ပြန်ရောက်နေပြီတဲ့....ကုမဏီကိုပါရောက်လာတယ်ဆိုတဲ့စကားကြောင့် ဂျောင်ကု ခေါင်းမိးတောက်သွားရသည်။ မဖြစ်ဘူး ငါသွားတွေ့မှ ဖြစ်မယ်...
ဘေဘီတို့နေတဲ့ အိမ်ကိုရောက်သွားပြီး ဘေဘီရဲ့မိဘတွေဆီမှာ ခွင့်တောင်းကာ စကားပြောဖို့ တစ်နေရာခေါ်ထွက်လာလိုက်သည်
" လွမ်းနေတာ ကိုကိုရယ်"
ပြောရင်းနဲ့မှ ဂျောင်ကုကိုလာဖက်လေသည်
အသက်လေး၁နှစ်၂နှစ်ကြိးလာတာကလွဲရင် ဘာမှပြောင်းလဲခြင်းမရှိသေးတဲ့ ဘေဘီဟာ အရင်လိုချစ်စရာကောင်းတုန်းပါ" ကိုကို ဘေဘီကိုမေ့နေပြီလားဟင်"
" ကိုကို မမေ့ပါဘူး ဘေဘီ ဒါပေမဲ့"
" ဘေဘီကိုစိတ်နာနေလားကိုကို"
" စိတ်လဲ မနာပါဘူး "
" ဖြစ်ခဲ့တဲ့အရာတွေအတွက် ဘေဘီတောင်းပန်ပါတယ်"
" ရပါတယ် ကိုကိုပြောတာကိုလဲ တစ်ချက်လောက် နားထောင်ပေးပါဦး"
" ဟုတ်"
" ကိုကို နောက်နှစ်လဆို အိမ်ထောင်ပြုတော့မယ်"
ကြားလိုက်ရတဲ့စကားကြောင့် အိန်ဂျယ် အံ့ဩသွားသည် မိန်းမတစ်ယောက်ကို
ယူဖိုဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုပြိး သိပ်ချစ်ခဲ့တဲ့အိန်ဂျယ်ကိုငြင်းခဲ့တာမဟုတ်လား" ကိုကို ဘေဘီ နားကြားမှားတာမဟုတ်ပါဘူးနော်"
" ကိုကို တကယ်ပြောတာပါ "
ဂျောင်ကုအပြောကြောင့်
မျက်ရည်လေးဝဲသွားတဲ့ အိန်ဂျယ်
မတတ်နိုင်ဘူး ဘေဘီထက်ချစ်ရမဲ့လူကိုကို့မှာ
ရှိနေပြီမို့ ဒီကိစ္စတွေ ထပ်မရှုပ်လာစေချင်
ဒါပေမဲ့တစ်ချိန်ကချစ်ရသူလေးဝမ်းနည်းသွားတာတွေ့လိုက်ရတော့ စိတ်မကောင်းစွာနဲ့
ရင်ခွင်ထဲ ခနထည့်ကာ နှစ်သိပ့်ပေးလိုက်သည်" မငိုပါနဲ့နော် "
" ဘေဘီ ဝဋ်လည်တာပါ ကိုကို "
YOU ARE READING
လူလိမ်
Fanfictionလူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်