လူလိမ်♥╣ဇာတ်သိမ်း╠♥
##################
ဂျောင်ကုရဲ့ ခြံအထဲမှာတော့ မဂ်လာအခမ်းနားအတွက် စီစဉ်နေကြသည် ကုမဏီက ဝန်ထမ်းတွေလဲ ကျူးလစ်ပန်းတွေ လာဗင်ဒါပန်းတွေ နှင်းဆီပန်းတွေအလှဆင်ကာ အကုန်လုံး အလုပ်ရှုပ်နေကြသည်
ဂျောင်ဟိုဆော့မှာလဲ မမောနိုင်မပန်းနိုင် သူဌေးလေး မဂ်လာဆောင်အတွက် ပန်းတွေညှပ်နေရတာ ချွေးလေးတောင်ထွက်လို့" မောနေပြီလား"
" မမောပါဘူး အနားမှာမင်းရှိနေတာပဲဟာ"
" ပျော်စရာကြီးနော် လူတွေအများကြီးပဲ
ပန်းတွေလဲ အများကြီးပဲ"" မင်းကိုလဲ တစ်နေ့ အဲ့လိုပွဲမျိုး စီစဉ်ပေးမယ်"
" ငါ့ကို"
" အင်း ငါနဲ့ လက်ထပ်တဲ့အခါကျရင်"
ဂျောင်ဟိုဆော့အပြောကြောင့်ပြုံးသွားတဲ့ ထယ်ယောင်း တကယ်ဆို သူတို့လဲ ချစ်သူဖြစ်နေကြတာ နှစ်ဝက်လောက်ရှိပြီမဟုတ်လား
ဝန်ထမ်းတွေ အလှဆင်နေတာ ထိုင်ကြည့်နေတဲ့ဂျင်း။ဪ ဘာလိုလိုနဲ့ ညီငယ်လေးကို သူများလက်ထဲ အပြီးထည့်လိုက်ရတော့မယ်ပါလား
" ဒေါက်တာ "
" ဪ ဒေါက်တာဘယ်တုန်းကရောက်နေတာလဲ"
" အခုပဲ ရောက်တာပါ ဒါနဲ့လေ ကျနော်တောင်းထားတဲ့အဖြေလေး "
" ဟင် "
" ဟုတ်တယ်လေ ဒေါက်တာပဲပြောတော့ ငယ်လေးကိုအိမ်ထောင်ချပေးပီးရင်အဖြေပေးမှာဆို"
" အောင်မယ်လေး ဒေါက်တာကိုင်ကြိုးရယ် အခုငယ်လေးတောင် မဂ်လာမဆောင်ရသေးဘူးလေ"
" ဒါပေမဲ့ အခုဆောင်တော့မှာလေ နော်နော် "
ဘုရားရေ ခေါင်းလေးတစ်ညိမ့်ညိမ့်နဲ့ အဖြေတောင်းနေတဲ့ပုံ ကြက်သီးထစရာ ဒါကို တချို့ကောင်လေးကောင်မလေးတွေက ကြည့်ပြီး ပြုံးစိစိနဲ့ တီးတိုးတီးတိုးပြောနေကြသည်
" နော်လို့"
" ဘယ်လိုဖြစ်နေတာလဲဒေါက်တာ နည်းနည်းထိန်းဦးမှပေါ့"
" "ဒါဆို မနက်ဖန် ဂျီမင်းလေး လက်ထပ်ပြီးတာနဲ့ပေးနော်"
" အင်း ပေးမယ် ဟုတ်ပြီလား"
YOU ARE READING
လူလိမ်
Fanfictionလူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်