လူလိမ် အပိုင်း 7
📱📱📱
ဂျီမင်းဖုန်းသံကြောင့်နိုးလာတဲ့
ဂျောင်ကု ။ ကြည့်ရတာ သူ့ကိုလာကြိုမဲ့လူဖုန်းဆက်လာတယ်ထင်ပါရဲ့ နာရီကိုကြည့်လိုက်တော့ ၆နာရီ ။ဘာလို့ ဒီလောက်အစောကြိးလဲ
ခနကြာတော့ နိုးလာတဲ့ဂျီမင်း" အကိုလေး နိုးနေပြီလား"
" မင်းဖုန်းသံကြောင့်လေ "
" စောရီးနော် အကိုလေး "
ဂျီမင်းလဲ ဖုန်းကို အမြန်ကိုင်လိုက်ရသည်
" ဘာ ရောက်နေပြီ ဟုတ်လား မြန်သားလေးပဲကော် အေး ခနစောင့် ငါ ငါ့သူဌေးကို မျက်နှာတွေဘာတွေ သစ်ပေးလိုက်ဦးမယ် "
ဂျီမင်းလဲ ထယ်ကို ခြံအပြင်မှာပဲခနစောင့်ခိုင်းထားပြီး သူဌေးလေးကို လုပ်စရာရှိတာ အမြန်လုပ်ပေးလိုက်သည်
" အကိုလေး ကျနော်သွားတော့မယ်နော်"
" အင်း"
ဂျီမင်း အခန်းထဲက ထွက်သွားတာနဲ့ ဝရံတာနားသွားကာ အပြင်ကလာကြိုတဲ့တစ်ယောက်ကို
ပြေးချောင်းကြည့်တဲ့ဂျောင်ကုအရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနဲ့ ခပ်ချောချောလေးကောင်လေးကိုမြင်ရတော့ ဘာဖြစ်မှန်းမသိ စိတ်က တစ်ခုခုကို စိုးရိမ်လာသည်
နေပါဦး အဲ့ကောင်လေးကိုလဲ
ငါမြင်ဖူးသလိုပဲတအောင့်ကြာ အိမ်ထဲကထွက်လာတဲ့ဂျီမင်းကိုတွေ့တော့ ဂျောင်ကုဟာ ဂျီမင်းဖုန်းကို ဆက်လိုက်သည်
ထယ်ယောင်းမှာတော့ ခြံပြင်မှာစောင့်ရတာကြာနေပါပြီဆိုမှ သူငယ်ချင်းဖြစ်သူက ဖုန်းပြောပြိးအေးဆေးတစ်လမ်းချင်းလာနေသေးသည်
" ဟေ့ယောင် အမြန်လာလေ "
" ...တောက်... ငါတော်တော်စိတ်တိုလာပြီ"
" ဟင် ဘာဖြစ်လို့လဲ"
" ငါမလိုက်ဖြစ်တော့ဘူး"
" ဘာဖြစ်လို့လဲလို့"
" အဖိုးကြိးလေ ဘိုက်နာနေလို့ နောက်အပတ်မှ နားတော့တဲ့"
" ဟာ မင်းကလဲ ကြိုမပြောဘူး ငါအစောကြိးလာကြိုရတာ ပြိးတော့ ပေးထိုင်စောင့်ထားတာလဲ ၁နာရီလောက်ရှိတော့မယ်"
YOU ARE READING
လူလိမ်
Fanfictionလူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်