လူလိမ် အပိုင်း 10
ဒီနေ့တော့ နန်ဂျွန်းကို အကူညီတောင်းကာ ကားမောင်းပို့ခိုင်းပြိး ဂျီမင်းတို့ရပ်ကွက်ကို လိုက်ပို့ခိုင်းလေသည်
" မင်းပြောတာ ဒီရပ်ကွက်ဟုတ်လို့လား"
" ဟုတ်တယ် ဟိုတစ်ခါ ငါမုန့်လာယူတာ
ဒီလမ်းပဲ အရှေ့မှာကွေ့လိုက်"နန်ဂျွန်းလဲ ကားနောက်ခန်းကဂျောင်ကုပြောတဲ့လမ်းကို ကွေ့ဝင်လိုက်တော့ ထွက်လာတဲ့ ဆိုင်ကယ်တစ်စိးနဲ့ တိုက်မိမလိုဖြစ်သွားသည်
ဂျင်းလဲ ဆိုင်ကယ်ရပ်လိုက်ကာ လမ်းထဲကို အရှိန်နဲ့ကွေ့ဝင်လာတဲ့ကားကို မကြည်ကြည့်နဲ့တစ်ချက်ကြည့်လိုက်သည် ဒါပေမဲ့ ကားမှန်က အမဲတွေမို့ မောင်းလာတဲ့လူတောင် သေချာမမြင်ရ
"ဒေါက်တာ"
ကားမှန်ချပြိးခေါ်လာတာမို့ကြည့်လိုက်တော့သူနဲ့ဆေးရုံတစ်ရုံထဲ တာဝန်ကျတဲ့ ဒေါက်တာနန်ဂျွန်းဖြစ်နေသည်
" ဪ ဒေါက်တာ ဘယ်သွားမလို့လဲ"
" ဒီနားလေးတင်ပါ ဒါနဲ့ ထိခိုက်မိသွားသေးလား"
" အာ မထိပါဘူး ဘာမှ မဖြစ်ပါဘူး"
ဂျောင်ကုလဲ အရှေ့က ဂျင်းကိုတွေ့လို့ ကားထဲဝပ်ချလိုက်ကာပုန်းနေလိုက်သည်
" ဒါနဲ့ဒေါက်တာကကော ဆိုင်ကယ်တစ်စိးနဲ့ဘယ်သွားမလို့လဲ"
" ဒီနေ့ ငယ်လေးမွေးနေ့ဆိုတော့ ကိတ်မုန့်သွားမှာပေးမလို့ပါ"
"ဪ ဒါကြောင့် ခွင့်ယူလိုက်တာကိုး"
"ဟုတ်တယ်ဒေါက်တာ ဒါနဲ့ဒေါက်တာကရော ခွင့်ယူထားတာလား"
" ဟုတယ် အရေးကြိးကိစ္စပေါ်လာလို့"
" နန်ဂျွန်း အဲ့လူနဲ့ ငါတွေ့လို့မဖြစ်ဘူးနော်"
ဆိုပြိး ကားနောက်ခန်းကနေ အသံတိုးတိုးနဲ့ ကြိတ်ပြိးပြောလာတဲ့ဂျောင်ကု
" ဒါနဲ့ ငယ်လေးဆိုတာက"
" ကျနော့်ညီလေးပါ"
" ဟုတ်လား ညီလေးရှိတာလား "
" ဟုတ်ပါတယ်"
" ဒါနဲ့ကျနော်ကိုရော မဖိတ်ချင်ဘူးလားဒေါက်တာ"
YOU ARE READING
လူလိမ်
Fanfictionလူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်