21

1.5K 156 2
                                    

လူလိမ် 21

ဂျောင်ကုတစ်ယောက် အစောကြီးထကာ
ဒေါ်သူဇာနဲ့အတူ မိးဖိုဆောင်ရောက်နေသည်

" ဒေါ်လေး ကောင်းကောင်းလေးချက်
ပေးနော် ပြီးတော့ ဂျီမင်းဘာကြိုက်လဲ ဒေါ်လေးသိတယ်မလား အဲ့ဒါတွေ အကုန်ချက်ပေး"

" အေးပါ ဒေါ်လေး ချက်ပြီးလာပို့ပေးပါ့မယ် အနားမှာပဲ သွားနေတော့ နောက် နိုးလာလို့မတွေ့ရင်စိတ်ကောက်နေဦးမယ်"

" ဟုတ် "

ဂျောင်ကုလဲ ဒေါ်လေးကို မှာစရာရှိတာမှာပြီးအပေါ်ကိုပြန်တက်လာလိုက်သည်
အရက်အရှိန်နဲ့ အိပ်လို့ကောင်းနေတယ်ထင်ပါရဲ့
ခေါ်လာကတည်းက တစ်ရေးမှမနိုးသေး

ဂျောင်ကုလဲ ကုတင်ပေါ်ပြန်တက်ပြီး ကလေးအနားဝင်အိပ်လိုက်သည်
ငိုထားလို့ အစ်ဖောင်းနေတဲ့ မျက်ခွံလေးကိုလဲဖြေးဖြေးလေးမွလိုက်သည်

နမ်းလိုက်လို့လားမသိ အင်းအဲနဲ့ အသံထွက်လာပြီးမျက်လုံးလေးပွင့်လာသည်

" နိုးပြီလား ကလေး"

ဂျီမင်းဟာ ပထမတော့ ကြောင်ပြီးကြည့်နေပေမဲ့ အဖြစ်ပျက်တွေ ပြန်တွေးမိတဲ့အခါမှာတော့ ချက်ချင်းပြေးထကာ အိပ်ယာပေါ်မှဆင်းပြေးလေသည် ဒါကိုဂျောင်ကုကလဲ
အမြန်လိုက်ဆွဲကာ

" ဘာလို့လဲ ကလေး ဘယ်သွားမို့လဲ"

" မထိနဲ့ ခများ ကျနော့်အသားကိုမထိနဲ့ "

" ကလေး အဲ့ကိစ္စတွေ ကို အခုရှင်းပြမယ် စိတ်အေးအေးထားပြီးတစ်ချက်လောက်နားထောင်ပေးပါ"

" ခများ အစကတည်းက ပြောပြထားရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူး
ခများကလူလိမ် ခများကအလိမ်အညာတွေကိုကြိုက်တဲ့လူ"

" မဟုတ်ရပါဘူး ကလေးရယ် ကိုပြောတာ နားထောင်ပေးပါဦး "

" ဟင်အင်း နားထောင်ပေးစရာအကြောင်း
မရှိတော့ဘူး ဘာတဲ့ ရီးစားတောင် တစ်ခါမှ
မထားဖူးဘူး ဟုတ်လား"

" တောင်းပန်ပါတယ် ထားခဲ့ဖူးပါတယ် "

" ထင်သားပဲ ဒါကြောင့် ကုတင်ပေါ်က ကိစ္စတွေ တအားကျွမ်းနေတာ"

လူလိမ်Where stories live. Discover now