လူလိမ်အပိုင်း11
ကင်ဆော့ဂျင်းတစ်ယောက် နိုးလာတော့
ညီဖြစ်သူမနိုးသေးဘူးထင်ပြိးအခန်းထဲဝင်ကြည့်တော့ မတွေ့ရ အိမ်ရှေ့ထွက်လာတော့လဲ ဆိုင်ကယ်က မရှိ ။ အစောကြိး ဘယ်ထသွားတာပါလိမ့် ယွန်းဂီတို့အိမ်ကိုလှမ်းကြည့်တော့လဲ ယွန်းဂီကားရော ထယ်လေးဆိုင်ကယ်ပါရှိနေသည်ဂျင်းလဲ ဒီမနက်မှအပြင်ထွက်သွားတာဖြစ်လောက်မယ်ဆိုပြိး တွေးကာ ရေမိုးချိုးပြိး ယွန်းဂီကိုသာ ဆေးရုံလိုက်ပို့ခိုင်းလိုက်သည်
အိမ်ကြိးရဲ့အပေါ်ထပ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ကာ အိပ်ကောင်းနေတဲ့နှစ်ယောက်
တအောင့်ကြာတော့ အရင်နိုးလာတဲ့
ဂျောင်ကုဟာ ရင်ခွင်ထဲက အကောင်ပေါက်လေးကြောင့် ချက်ချင်းမထသေးပဲ မို့အစ်နေတဲ့မျက်နှာလေးကို ကြည့်နေလိုက်သည်
နိုးလာရင်တော့ ညက ကိစ္စတွေမမှတ်မိပါစေနဲ့လို့လဲ ဆုတောင်းနေမိသည်10နာရီတောင်ထိုးနေပြီ ခုချိန်ထိ ကောင်လေးမနိုးသေးတာကြောင့် ဝှီးချဲပေါ်မှာ ဟန်လုပ်ထိုင်ရင်း အိပ်ယာပေါ်က ကောင်လေးကို
ခေါ်နိုးလိုက်သည်" ကလေး ဘယ်အချိန်ထိအိပ်နေမှာလဲ
ထတော့"အဲ့တော့ မျက်လုံးကိုမနည်းပြူးပြဲပြိးဖွင့်ကြည့်ကာ
" ဟင် အကိုလေး ဘယ်လိုလုပ်
ရောက်နေတာလဲ"" လာလည်တာလေ"
" ဟာ တစ်ခုခုဆို ဖုန်းဆက်လိုက်ပေါ့ ဘာလို့လိုက်လာရတာလဲ"
"..သားရေ ဒေါက် ...ဒေါက် ဒေါ်လေးဝင်ခဲ့မယ်နော်.."
" ဟင် ဒေါ်ကြီးပါ ပါလာတာလား"
အိပ်ချင်မူးတူးနဲ့ ပြောနေတဲ့ဂျီမင်းကို ဒေါ်သူဇာကြည့်ပြီး ရီလိုက်သည်
" ဒီမှာ သားအတွက် အမူးပြေဟင်းရေလေးပါ လုပ်ပေးထားတယ် မျက်နှာ သစ်ပြီး သောက်လိုက်"
ဒေါ်ကြီးစားစရာတွေထည့်လာတဲ့ တွန်းလှည်းကိုတွန်းဝင်လာရင်း ပြောလေသည်
ဂျီမင်းတစ်ယောက်လဲ ကြောင်တောင်တောင်နဲ့ သေချာကြည့်တော့မှ သူ့အိမ်မဟုတ်မှန်းသိလိုက်ရသည်
YOU ARE READING
လူလိမ်
Fanfictionလူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်