အပိုင်း ၉

372 12 0
                                    

Flashback!

" မေမေရာ.. ဟန်သာနဲ့ က....
ဟာဗျာ... စဥ်းစားကြည့်လို့တောင် မရဘူး "

" မေမေက အတင်းလက်ခံရမယ် ပြောမိလား...
သား ငြင်းချင် ငြင်းလို့ရတယ်.... အဲဒါဆိုရင် မေမေ လည်း သားမေနု ကို ပြောပြီး ဟန်သာလေးကို နှင်းနု နဲ့ လက်ဆက်ပေးဖို့ ပြောလိုက်မယ် "

" ဗျာ.. နှင်းနု နဲ့ ဟုတ်လား မေမေ "

" ဟုတ်တယ်လေ... နှင်းနုလေးက လိမ္မာရေးခြားရှိတယ် အလိမ္မာ အိမ်ပါလေးလည်း ဖြစ်ဦးမှာ...
သားငယ်လေးနဲ့လည်း လိုက်ဖက်နေမှာပဲ... "

နှင်းနု ဆိုသည်က ရွာထဲရှိ ငွေတိုးချေးစားသော အရီးဒေါ်ခင်မြ ၏ သမီးဖြစ်သည်။ မိခင်ဖြစ်သူမှာ အတိုးတောင်းချိန်တွင်တော့ နှုတ်ကြမ်း တတ်ပေမယ့် သမီးကိုတော့ လိမ္မာယဥ်ကျေးလေးဖြစ်အောင် မွေးမြူထားသည်။ ဟန်သာ့ ကိုလည်း အလုပ်ကြိုးစားသည် ဟု အမြဲပြောကာ သဘောတကျရှိသည်ပင်။

' နှင်းနု နဲ့ ဟန်သာသာ ယူဖြစ်ရင်... ဟိုကောင် ဟန်သာက သားကျွေးမှု မယားကျွေးမှုတွေနဲ့ အလုပ်တွေ ပိုလုပ်ရတော့မှာပေါ့....
လက်မခံနိုင်ပါဘူး.... ငယ်ငယ်လေးတည်းက ငါ သေချာဂရုစိုက် မွေးမြူထားတဲ့ ဟာလေးက သူများအိမ်က သမီးလေးကို ရှာဖွေကျွေးမွေးရမယ် ဆိုရင် ငါ ကျွေးမွေးခဲ့တာတွေ အလကားဖြစ်ကုန်မှာပေါ့...ဒါမျိုး လက်ခံပေးစရာ အကြောင်းကို မရှိဘူး '
နောင် အတွေးလွန်နေတုန်း မေမေ့ဆီမှာ စကားသံထွက်လာသည်။

" သား လက်မခံဘူး သေချာပြီဆိုရင် မေမေ နု နဲ့ အတူ နှင်းနု တို့အိမ်ကို မနက်ကျ သွားလိုက်တော့မယ်နော် "

" ခဏ.. ခဏနေပါဦး မေမေ...
သား... သား လက်ခံမယ်ဗျာ.... မေမေတို့က ကောင်းစေချင်လို့ စီစဥ်ပေးတာကို သား ငြင်းရင် သား မလိမ္မာဘူး ဖြစ်သွားမှာပေါ့ "

" ဟ.... ချက်ချင်းပါလား "
ဖေမျိုး ပါ ဝင်ပြောမိတော့သည်။

" အမလေး... မေ့သားလေးက လိမ္မာနေရောပဲ.. အဲဒါဆို မနက်ကျ မေနုကို ပြောလိုက်တော့မယ်နော်...
ကဲကဲ အိပ်တော့ အိပ်တော့ သားလေး "

ဒေါ်ခင်ခင်သစ်လည်း ပြောပြီးသည်နှင့် အိပ်ခန်းထဲသို့ ဝင်လာလိုက်လေသည်။
နှောင်း တို့ ဇနီးမောင်နှံလည်း နောင့် အနားမှာ ထွက်ခွာလာခဲ့ကြသည် ။
အခန်းထဲရောက်သော်...

ချစ်ခြင်းထပ်တူညီWhere stories live. Discover now