အပိုင်း ၅

406 12 0
                                    

ဒီနေ့ နောင် တို့ ဆန်စက်မှာ ဆန်ကြိတ်သူတွေ များနေသလို ဆန်စက်တွင်ပင် တခါတည်း ပြန်လည်ရောင်းချ ကြသည်မို့ အလုပ်ရှုပ်နေကြသည်။
နောင် သည်ပင် အိမ်ပြန် ထမင်းမစားနိုင်။
ထို့ကြောင့် မေသစ် က နောင့် အတွက် နေ့လယ်စာ ပို့ပေးရန် ဟန်သာ ကို စေခိုင်းသောကြောင့် မေသစ် တို့အိမ်သို့ ရောက်နေသည် ။

" မေသစ်ရေ... သားရောက်ပြီ "

" အေးအေး သားငယ်လေးရေ.. သားရော စားပြီးပြီလား "

မေသစ်က အိမ်ပေါ်ထပ် မီးဖိုခန်းမှ လှမ်းအော်မေးသည်။

" သားပြန်ရောက်မှပဲ စားတော့မယ် မေသစ် "

အိမ်ပေါ်သို့ တက်ရင်း ပြန်ဖြေလိုက်သည်။

" ပြန်လာမှ စားမယ် လုပ်မနေနဲ့တော့.. မေသစ် များများ ပိုထည့်ပေးလိုက်မယ်... ညီအကို နှစ်ယောက် တူတူစားခဲ့.. ကြားလား "

မေသစ်က ပြောလည်း ပြော ချိုင့်ထဲသို့လည်း ထမင်းဟင်းများ အလျှံပယ် ထည့်ပေးနေသည် ။

" သား ပြန်လာမှစားမယ် ဆိုပြီး မေမေ့ကို ပြောခဲ့တယ် မေသစ်ရ"

" သားမေအတွက် စိတ်မပူနဲ့.. မေသစ်တို့နဲ့ပဲ အမြဲစားနေကြဟာကို...
သား ညီ နဲ့သာ စားပေးလိုက်.. သားသာ ချိုင့်ကို ဒီတိုင်း ပေးခဲ့ရင် သူက အလုပ်မပြီးပဲ စားမှာမဟုတ်ဘူး..
သားရော စားမယ်ဆိုမှ အလုပ်တွေ ဖြတ်ပြီး စားမယ့်ကောင်....
ရော့....ချိုင့် "

" ဟုတ် မေသစ် "

မေသစ်ပြောတာ မှန်ပါသည်။ နောင် က သူသာ အစားစားချိန်မမှန်တာ ရှိမည်၊ ဟန်သာ့ကိုတော့ဖြင့် အဲလို အဖြစ်မခံ ။ မေ့သွားလျှင်လည်း ဆူတတ်ပူတတ်သေးသည်။ ဖေမျိုးက ဟန်သာ့အတွက် ဒုတိယအဖေဆိုရင် နောင် က တတိယအဖေ နံပါတ်စဥ်လိုက်လိမ့်မည် ထင်သည် ။

ဟန်သာ နောင်တို့ ဆန်စက်ဆီသို့ လမ်းလျှောက်ပြီးသာ ထွက်လာလိုက်သည်။ ။ နေ့ခင်းချိန်ဖြစ်သဖြင့် အပူဒဏ်ကာကွယ်ရန်အလို့ငှာ အပေါ်ထပ်အင်္ကျီလက်ရှည် နှင့် ခမောက်ဝိုင်းပါ ဆောင်းထွက်လာခဲ့သည် ။ ဤသည်မှာလည်း နောင့် ပယောဂ မကင်း။ အပြင်ထွက်တာနှင့် အပေါ်ထပ်ဝတ်နှင့် ခေါင်းဆောင်းစရာ တခုခု မပါလျှင် ပေါက်ပေါက်ဖောက်လို့ မပြီးနိုင်သောကြောင့်ပင်။

ချစ်ခြင်းထပ်တူညီWhere stories live. Discover now