အပိုင်း ၄

428 14 0
                                    

မင်္ဂလာဆောင်ပွဲ ပြီးမြောက်သည့် နေ့တွင် မျိုးမင်းကြည် မှာ သူနေသော ဆေးပေးခန်းလေးမှ နှောင်း တို့၏ အိမ်သို့ လိုက်လာရတော့သည်။

ညစာ စားသောက်ပြီး၍ လူစုံတက်စုံဖြင့် အိမ်ရှေ့ မန်ကျည်းပင်အောက်ရှိ ကွပ်ပျစ်တွင် ထိုင်ကြသည်။
ဖေမျိုး ၊ မေသစ် ၊ မေမေ ၊ မမနှောင်းတို့ ဇနီးမောင်နှံ ၊ နောင် နှင့် ကျွန်တော် ဟန်သာတို့ပေါ့။

မမနှောင်း ၏ ပုဇွန်ခြောက်အကောင်ကြီးတွေ တင်ကာ နှမ်း ဖြူးထားသော ကနဖော့ရွက်သုပ်
နှင့် ရေနွေးကြမ်းက ကျွန်တော် ဟန်သာ အကြိုက် ဖြစ်သည်။
နောင် က ကျွန်တော့် အကြိုက်ကို သိစွာဖြင့် အသုပ်ပန်းကန်ကို ကျွန်တော့်ဘက် တိုးပေးထားသည် ။
စားရင်းမှပင် ဖေမျိုးက သူ့ သားမက်လောင်းကို ဆုံးမသြဝါဒ ချွေသည်။

" အဖေတို့ အိမ်ရဲ့ မိသားစု ဖြစ်ပြီဆိုမှတော့ မင်းလည်း အိမ်ရဲ့ သားကြီးပဲပေါ့ကွာ...
အိမ်ရဲ့ စီးပွားရေး ကိုလည်း ပါဝင်ဦးဆောင်ပေးစေချင်တယ် .. အဲလိုပြောလို့ သားရဲ့ အလုပ်ကို
စွန့်ခိုင်းတာ မဟုတ်ဘူးနော်..
မိသားစုအနေနဲ့ သားကို ဆွဲသွင်းချင်တဲ့ သဘောပါ "

" ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် အဖေ"

"ဟင်းးးးးးး သားလေးတစ်ယောက်မွေးထားပါတယ်ကွာ... ကိုယ်ပိုင် စီးပွားရေးလုပ်ချင်ပါတယ် ဆိုပြီး အိမ်ကနေ ထွက်သွားလေရဲ့....
ယူစရာမိန်းမများ ရှိနေပြီလား မသိပါဘူးကွာ.."

ပြောရင်းဖြင့်ပင် သားဖြစ်သူအား စနောက်သော အပြုံးကြီးဖြင့် လှမ်းကြည့်လေသည်။
ဖေမျိုးသည် နောင့် အတွက် ဖခင် သာတင်မကပဲ သူငယ်ချင်း တဖြစ်လည်း အရာရာ တိုင်ပင်၍ ရသောသူပင် ဖြစ်သည်။
နောင် တင် မဟုတ်ပဲ ဟန်သာ့ အတွက်လည်း ထိုနည်းလည်းကောင်းပင် ။
ဖေမျိုး ၏ ထိုသို့သော စကားကို ကြားသောအခါ နောင် တစ်ယောက် ရှူးရှူးရှားရှား ဖြစ်ကာပင်

" အဖေ နော် ဘာခုမှ ကျွန်တော့်ဘက် လှည့်လာတာလဲ.. ကျွန်တော်ပြောတုန်းကဖြင့် ' သားစိတ်ချမ်းသာရင် လုပ် ၊ အဖေက သားကို ယုံပြီးသား ' ဆို.. ခုတမျိုး တော်ကြာတမျိုး မလုပ်နဲ့...
မိန်းမ ယူရအောင် ကျွန်တော့်ထက် အကြီး တစ်ယောက်လုံး ရှိနေသေးတာကို.. နောက်ကားကျော်တက်တယ် အပြောမခံနိုင်ဘူး "

ချစ်ခြင်းထပ်တူညီWhere stories live. Discover now