အပိုင်း ၁၆ / ဇာတ်သိမ်းပိုင်း

746 15 0
                                    

သည်ကနေ့ နှစ်ဆန်းတစ်ရက်နေ့တွင်တော့ ဓလေ့ထုံးတမ်းအစဥ်အလာအတိုင်း ရွာကျောင်းဆရာတော်မှ နှစ်သစ်ကူး ပရိတ်ရွတ်မည်ဖြစ်သည်။
ညနေပရိတ်တရား နာယူရန် ဟန်သာတစ်ယောက်သာလျှင် သွားသည်။

နောင့် မှာ လိုက်ဖို့ မပြောရဲပေ။ မနေ့ည အိမ်ပြန်ရောက်ကတည်းက ခုထိ နောင့်ကို စကားသေချာ မပြောသေးဘူးမဟုတ်လား။
ဆေးသောက်ရန် ၊ကိုယ်လက်သန့်စင်ရန် ကိစ္စများကို တစ်ခုမှ မလစ်ဟင်းစေဘဲ လုပ်ပေးနေပေမယ့် ဖြစ်ခဲ့သောအရာနှင့် ပတ်သက်၍ စကားအပိုမပြော။
မနက်နိုးတော့လည်း နဖူးပေါ်လက်လာတင်ကာ အနာရှိန်ကြောင့် ဖျား မဖျား စစ်ကြည့်ပြီး ဘာမှ ထပ်ဟမလာ။

ခုညတော့ နောင့် ဘက်က စတင်မှ ဖြစ်မည်။ နောင် ဒီအခြေအနေတွင် မနေတတ်။ သူ့ကို ဆူဆဲလိုက်တာမှ နေသာဦးမည်။ အခုလို ဘာမှမပြောပဲ  ဆိတ်ငြိမ်နေတာက ပိုပင်ပန်းရသည်။

ညစာစားပြီး နောင် ကုတင်ပေါ်တွင် မီထိုင်နေတုန်း ဟန်သာက ဆေးတိုက်ရန် ရောက်လာသည်။ ပြီးသည်နှင့် ချက်ချင်းထွက်သွားရန် ဟန်ပြင်နေသဖြင့် လက်ကိုလှမ်းဆွဲ၍ တားလိုက်ပြီး ကုတင်ပေါ်တွင် သူနှင့် မျက်နှာချင်းဆိုင်ထိုင်စေလိုက်သည်။

" ဟန်သာ....  ကိုယ့်ကို စိတ်ဆိုးနေတာလား..
ကိုယ် ဖြေးဖြေးစီးပါတယ်..တကယ်..
မြန်မြန်မမောင်းဘူး...ဘယ်လိုမှ ရှောင်မရလိုက်လို့ပါကွာ "

မျက်နှာချင်းဆိုင်မှ သူ့ကို တချက်ကလေးမှ အကြည့်ချင်းဆုံမလာပါသော ဟန်သာ့မျက်နှာကို ငေးစိုက်ကြည့်ရင်း စိတ်ဆိုးနေမည်ထင်သည့် အချက်များကို တွေးတောကာ ရှင်းပြနေမိသည်။

" တကယ်က ကိုယ်က တော်သေးတယ်လို့ တွေးမိနေတာ...
မင်း ပါလိုက်ရမလားမေးတုန်းက ခေါ်လိုက်မိရင် ထိခိုက်တဲ့သူက ကိုယ် တစ်ယောက်တည်း မဟုတ်ဘဲ ဖြစ်သွားမှာ...
မခေါ်ခဲ့မိလိုက်တာ တကယ်တော်သေးတာ"

" တစ်ကိုယ်ကောင်းဆန်တဲ့အကောင်"

"ဟင်.... ဘယ်လို ဟန်သာ"

ဟန်သာ့ ရဲ့ တိုးဖွဖွထွက်ပေါ်လာသော ရေရွတ်သံက နောင့် ကို ထိတ်လန့်စေသည်။ ဘာကြောင့်များ သူ့ကို တစ်ကိုယ်ကောင်းဆန်တယ် ပြောရတာလဲ။

ချစ်ခြင်းထပ်တူညီWhere stories live. Discover now