အပိုင်း ၁၀

357 12 0
                                    

သည်နေ့ မေမေ အိမ်မှာမရှိ။ ဘကြီးတို့ရွာသို့သွား၍ သူ့တူမကို သွားခေါ်သည် ။ ဆွေမျိုးတွေဆီ အလည်သဘောမျိုးဖြစ်၍ ၃ရက်ခန့်ကြာမည်ဖြစ်သည်။
ဟန်သာကတော့ ထမင်း ဟင်း စားရိတ်ငြိမ်း ဖြစ်သည်။ မနက် ကနေ ညအထိ မေသစ်တို့ အိမ်မှာသာ သွားစားလိုက်သည်။
ခုလည်း အိမ်ပြန်ရောက်ပြီး ဘုရားဝတ်ပြုပြီး အိပ်ရန်ပြင်လိုက်စဥ် အိမ်ရှေ့မှ ခေါ်သံကြားလိုက်ရသည်။

" ဟန်သာ.. ဟေ့ရောင် ဟန်သာ..."

' ဒါ နောင်နောင့် အသံပဲ'
ဟန်သာ အတွေးနှင့်အတူ အိမ်ရှေ့သို့ ထွက်လာလိုက်သည်။

" နောင် ဒီချိန်ကြီး ဘာလုပ်တာလဲ..
မင်း ဆန်စက် ပြန်သွားပြီ မဟုတ်လား "

မေးရင်းနှင့် ခြံတံခါးဖွင့်ပေးလိုက်သည်။

" အေးးးးး မင်း နဲ့ လာအိပ်တာ "

" ဘာ....ဘာကြီး "

" ဘာတွေလန့်နေတာလဲ မင်း တစ်ယောက်တည်းမလား...  မေမေ ကလည်း လာအိပ်ပေးခိုင်းနေတာ မင်းကြားရဲ့သားနဲ့...
မေမေပွားတာ မခံနိုင်တော့လို့ ရောက်လာတာကွာ.. "

ပြောရင်းနှင့်ပင် နောင် ခြံတံခါးကို ​ပြန်ပိတ်ကာသော့ခတ်လိုက်သည်။
အိမ်ထဲသို့ ရောက်ပြီး တံခါးမကြီးကိုပါ ဂျက်ချလိုက်သည်။
အမှန်က မေမေ့တို့ကို ပိုရန်ကောဟု ပြောပြီး ဆန်စက်သို့ ပြန်သွားတာပင်။ လမ်းတဝက်မှာတင် ဆန်စက်သို့သွားသည့် ခြေလှမ်းများက လေးလံနေသဖြင့် လှည့်ပြန်လာခဲ့မိတာ။

" ငါ အိပ်ရဲပါတယ်ကွ... "

" ဟုတ်လို့လား... တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ မင်း တစ်ယောက်တည်း အိပ်နေချိန်... မင်း အိပ်ခန်းထဲက ပြတင်းတံခါးက ရုတ်တရက်ကြီး ဝုန်းးးးးးးးးး ဆို ပွင့်သွားရော "

နောင် စနေတာမှန်း သိနေပေမယ့် ပြောနေတဲ့ အသံအတိုးအကျယ် အနိမ့်အမြင့်က ကြက်သီးထစရာ အမှန်ပင်ကောင်းလှသည်။
ထိုမျှနှင့် မရပ်သေးပဲ....

" အဲဒီ အချိန်မှာ မင်းက တံခါးပိတ်ဖို့ ထလိုက်ပြီး ပြတင်းပေါက်နားကို အရောက်မှာ..... "

" ဟေ့ရောင် အိပ်ဖို့ လာတာမလား ... အိပ်ပဲအိပ်..
အပိုတွေ ပြောမနေနဲ့.. "

ချစ်ခြင်းထပ်တူညီWhere stories live. Discover now