" သစ်ရယ်... ဖြစ်ပါ့မလားဟယ် "
ဒေါ်ခင်ခင်သစ် ၏ အကြံအစည် ဆိုတာကြီးကို ကြားပြီး ဒေါ်နုနုကြည် စိတ်ပူနေမိသည်မှာ အမှန်ပင်ဖြစ်သည်။တော်ကြာ...
" နုကလည်း... အတင်းအဓမ္မကြီး မဟုတ်ပါဘူး..ဒီတိုင်း ကြိုးစားကြည့်ချင်ရုံလေး..ဖြစ်မလာတော့လည်း အရင်းပဲပေါ့ဟယ် "
" အင်းလေ ဖြစ်မလာသေးတာကို တွေးပူနေလိုက်လို့ စိတ်ထဲရှိတာလေး မလုပ်ဖြစ်လိုက်ရင် နေလို့ထိုင်လို့ကောင်းမှာ မဟုတ်ဘူး.. အဲတော့ နုဘက်က ဘယ်တော့စရမလဲ.. "
" သစ်ဘက်က အရင်စလိုက်မယ်.. အဖြေပေါ်မူတည်ပြီး နု ကို ပြောမယ်လေ "
" အင်းအင်း ဟုတ်ပြီ "
___....___^___....___
ဒီနေ့သည် မျိုးမင်း မင်္ဂလာဆောင်မှ ပြန်လာသောနေ့ဖြစ်သည်။ မင်္ဂလာမောင်နှံ၏ ဟန်းနီးမွန်းခရီးအတွက် အကုန်ပြင်ဆင်ပေးပြီး သူတို့ ခရီးစပြီးတော့မှသာ အိမ်ကို ပြန်လာခဲ့တာ ဖြစ်သည်။
လက်ထဲတွင်လည်း နောင် မှာလိုက်သော ပစ္စည်းပစ္စယများ ပါရှိလေသည်။" အကို ပြန်ရောက်ပြီ.. လက်ထဲက ဘာတွေလဲ အကို "
နှောင်းက ပစ္စည်းများ ကူသယ်ပေးရင်း မေးလိုက်သည်။
" နောင် မှာလိုက်တာတွေလေ.. ဟန်သာ့ အတွက် ဆွယ်တာတွေရယ် ဖလန်နယ် တွေရယ်တဲ့ မှာလိုက်တာ "
" အော် ဟုတ်သား... ဆောင်းဝင်တော့မယ်ပဲ..
နှောင်း တို့အိမ်မှာတော့ ရာသီအကူးအပြောင်းကို သိချင်ရင် ဟန်သာ့ ကိုယ်လုံးပေါ်က အဝတ်အစားကို ကြည့်ရုံပဲ.... "" နောင် က ဟန်သာ့ ကိုဆို စ လည်း စတယ် ၊ ဂရုလည်း စိုက်တယ်နော် "
" ဟုတ်တယ် အကိုရဲ့... မသိတဲ့သူဆို နှောင်းတို့အိမ်မှာ မောင်နှမသုံးယောက်ရှိတယ် ထင်ကြတာ.. ဟန်သာလေးကတော့ အချစ်ခံအငယ်လေးပေါ့.. ဟင်းဟင်း "
မျိုးမင်းလည်း တွေ့ကြုံခဲ့ရပါပြီ။ တအိမ်လုံး၏ ဟန်သာ့အပေါ် ဂရုစိုက်မှုတွေကို ။ဟန်သာ ကိုယ်တိုင်ကလည်း တကယ်ကို အချစ်ခံရဖို့ မွေးဖွားလာသလား ထင်ရလောက်တဲ့အထိ ချစ်မွေးပါသည်။ မျိုးမင်း ကိုယ်တိုင်ပင် ဟန်သာက ညီအရင်းတယောက်လို ဖြစ်လာရသည် မဟုတ်ပါလား ။
' အင်းးးး.. ဒါလည်း ဘဝပေးကုသိုလ်ကံ တမျိုးပါပဲလေ '
YOU ARE READING
ချစ်ခြင်းထပ်တူညီ
Nouvelles" ဟန်သာ.." " ဟင်" " ကိုယ် နမ်းချင်တယ်.. " " ဒဏ်ရာတွေ ပျောက်မှ " " အဲဒီကျရင် အကြာကြီး နမ်းမယ်နော် " " အင်း.... အကြာကြီးနမ်း" စိတ်ကူးယဥ်ရေးသားထားခြင်းဖြစ်ပါတယ်ရှင်... အမှားအယွင်းများပါရှိပါက ကြိုတင် တောင်းပန်အပ်ပါတယ်ရှင်... ဝေဖန်ထောက်ပြ အကြံပေးကြဖို့...