မျက်ဝန်းလှလှလေးတွေ ပုန်းကွယ်နေသေးတဲ့ ရှေ့က လူသားလေးကို နောင် ကြည့်နေမိသည်။
မနက်၆နာရီ... နောင့်အတွက် အချိန်မှန် ဆိုသော်ငြား ဟန်သာအတွင်မူ ထိုသို့မဟုတ်ချေ။ လယ်ထဲ သွားရန် ရှိပါမှ နှိုးစက်သံဖြင့် ထသည်သာ။ သို့မဟုတ်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်သည်။နောင် လည်း အချိန်အတော်ကြာ ကြည့်ပြီးကာမှ အိပ်ရာမှ ထလိုက်သည်။ အိမ်ထောင်သည်ဘဝ
ပထမဦးဆုံး မနက်ခင်းကို စတင်ရမည်လေ။
ရေချိုးခန်းထဲဝင် မျက်နှာသစ် သွားတိုက်ပြီးသည်နှင့် အောက်ထပ်သို့ဆင်းကာ မီးဖိုခန်းထဲ ဦးတည်လိုက်သည်။
အရင်ဆုံး ဆန်ဆေးကာ ပေါင်းအိုးပလပ်ထိုးလိုက်သည်။ ပြီးလျှင် မနက်စာအတွက် စဥ်းစားလိုက်သောအခါ အိမ်တွင် ဘာမှ မရှိချေ။' အင်းးးး... ဒီနေ့တော့ ပဲပြုတ်ပဲ ဝယ်ရတော့မှာပဲ..
ပြီးမှ မမကို ပြောပြီး မီးဖိုချောင်ကို ဖြည့်ရမယ် '
တွေးပြီး ရွာထဲကို ပဲပြုတ်သည် ရှာရန် ထွက်လာခဲ့သည် ။ နောင်တို့အိမ်က ရွာအပြင်ဘက်မှာဆိုတော့ စျေးသည်တွေလည်း တော်ရုံ မလာတတ်ချေ ။
လမ်းတဝက်အရောက်တွင်တော့ ရွာထဲမှ ပဲပြုတ်သည်အရီးလှကို တွေ့သည်။" အရီးလှ.... ပဲပြုတ် တစ်ဆယ်သားလောက်ပေးပါ"
" ဟော...နောင်လေးပါလား....ဘယ်လိုလဲ ကိုမျိုးတို့က ထမင်းမကျွေးနိုင်တော့ဘူးတဲ့လား"
" ဟုတ်ပါ့ အရီးလှရာ.... "
" အိမ်ထောင်သည်တွေပဲဟယ်...တူတူရုန်းကန်ကြရတော့ ပိုတိုးပြီး ချစ်လာတာပေါ့..ဟုတ်ဘူးလား "
နောင် ပဲပြုတ်ထုပ်ကို လှမ်းယူကာ
" အရီးလှ ကတော့ ပြောတော့မယ်ဗျာ...ဘယ်လိုကြောင့် ချစ်တာတွေ ပါလာရတာလဲ "
" အမလေးတော်....တရွာလုံး ကလေးအစ ခွေးအဆုံး သိပါ့တော်.. ဒီလောက်သိသာနေတာကို"
" ဟာဗျာ..... သွားပြီဗျာ.."
" ဟဲ့ ဟဲ့..... ဟဲ့ကလေး ပိုက်ဆံပေးသွားဦးလေ...
ဒီကလေးနှယ် "နောင် ရှက်ကိုးရှက်ကန်းဖြင့် မပြေးရုံတမည် ထွက်လာခဲ့သည့် နောက်တွင် အရီးလှ အသံက ကပ်ပါလာခဲ့သည်။
YOU ARE READING
ချစ်ခြင်းထပ်တူညီ
Short Story" ဟန်သာ.." " ဟင်" " ကိုယ် နမ်းချင်တယ်.. " " ဒဏ်ရာတွေ ပျောက်မှ " " အဲဒီကျရင် အကြာကြီး နမ်းမယ်နော် " " အင်း.... အကြာကြီးနမ်း" စိတ်ကူးယဥ်ရေးသားထားခြင်းဖြစ်ပါတယ်ရှင်... အမှားအယွင်းများပါရှိပါက ကြိုတင် တောင်းပန်အပ်ပါတယ်ရှင်... ဝေဖန်ထောက်ပြ အကြံပေးကြဖို့...