❄️သီချင်းလေးနားထောင်ရင်း စာဖတ်ပါ စိတ်ကြည်တာပေါ့❄️
"သားငယ်ရေ သားငယ်"
မနက်စောစော ၅နာရီသာ ရှိသေး၏....အပြင်ဘက်မှ အဆက်မပြတ်ခေါ်နေသောကြောင့် အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်ပေးလိုက်မိတော့
"သားငယ် မေမေနဲ့ ဘုရားဝတ်ပြုရအောင်လို့ လာနိုးတာ "
"ဟုတ်ကဲ့မေမေ ကျွန်တော် ကိုယ်လက်သန့်စင်ပြီး လာခဲ့ပါမယ်မေမေ"
"အိပ်ချင်သေးရင်လည်း ဘုရားဝတ်ပြုပြီးမှ ပြန်အိပ်တော့နော် သားလေး"
"ဟုတ်ကဲ့ပါ မေမေ ကျွန်တော် မြန်မြန်ပြင်ဆင်ပြီး လာခဲ့ပါ့မယ် မေမေ"
"မေမေ့သားလေး အိပ်ရေးပျက်ရောပေါ့ လာပါအုံးမေမေ့ဆီကို"
အချိုသာဆုံး အပြုံးလေးနှင့် ကမ်းပေးလာသည့် လက်လေးနှစ်ဖက်ကား မိမိအား ရင်ခွင်ထဲလာရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်....အလိုက်သင့်စွာ မေမေ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုနားမိတော့ နဖူးပေါ်ကျရောက်လာသည့် မေတ္တာအနမ်းလေးကြောင့် မနေ့ကဖြစ်ရပ်အားလုံးကိုပင် ဖြေသိမ့်နိုင်စွမ်းရှိ၏.......
ဒီနေ့မနက်ခင်းလေးကတော့ မေတ္တာရှင်မေမေနှင့်အတူ အစပျိုးရသည်မို့ ခါတိုင်းထက်ပို၍ ကျက်သရေရှိနေသည်မှာတော့ စိတ်ထင်လို့ဘဲလားမသိ........မနက် ၈နာရီခွဲအချိန်သို့ ရောက်သောအခါ မနက်စာစားရန် ထမင်းစားခန်း၌ လူစုံသလောက်ရှိနေပြီ တစ်ယောက်သာလိုတော့သည် ဤသည်မှာ အငယ်ဆုံးသားရှိုင်းသော်တာ ဖြစ်သည်..
"သားကြီး ညီလေးကို သွားခေါ်လိုက်ပါအုံး မာမီတို့ မနက်စာစားဖို့စောင့်နေပြီလို့ ပြောလိုက်"
"ဟုတ်ကဲ့ မာမီ"
ကိုယ်ဉီးတည်လာသည့် အခန်းရှေ့သို့ရောက်သောအခါ
"ဒေါက်.ဒေါက်.ဒေါက် ကိုယ်ပါ ရှိုင်း"
အပြင်ဘက်မှ အသံကား ရင်းနှီးနေသည့် အသံပင် သို့သော် ကြားနေကျမဟုတ်သော အသံနေအသံထားမျိုးတော့မဟုတ်
"ဟုတ် ဝင်ခဲ့လေ Lockချမထားဘူး"
ခါတိုင်းနေ့တွေ သူ့အခန်းထဲဝင်မှာ မကြိုက်တဲ့သူက အခုတော့ အသာတကြည်ပင်
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ