🦋①⓪...Ⓤⓝⓘ

114 9 3
                                    

🍓🚬

🎶စိတ်မကြည်ရင် သီချင်းလေးနားထောင်ပြီး စာဖတ်ကြည့်ပါ🎶

မနက် ၅နာရီခွဲ သာရှိသေး၏....ဘုရားဝတ်ပြုပြီး စာပြန်ကြည့်ဖို့ ကျွန်တော့်အခန်းသို့ပြန်လာတော့ ကျွန်တော့် အခန်းနှင့် မျက်စောင်းထိုး အခန်းရှေ့သို့ ထွက်လာသည့်လူကြောင့် အနည်းငယ် အံ့သြသွား၏ အခုမှ အိပ်ရာက ထလာသည့်ပုံစံတော့မဟုတ် Suitအပြည့်အစုံ ဝတ်ထားပုံကြည့်ရတာ အလုပ်သွားတော့မည့်ပုံ

"ကိုကို အစောကြီးနိုးနေတာလား"

"အင်း "

"ညက ဒဏ်ရာကကိုက်လို့လား ဟင်"

"မဟုတ်ပါဘူး Companyမှာ အရေးကြီး Meetingရှိလို့"

"အာ ဟုတ်"

"ကိုယ်ကျောင်းလိုက်မပို့နိုင်တော့ဘူး ဟိန်းစိုးကိုပို့ခိုင်းလိုက်တော့ "

"ဟုတ်..ဟုတ်ကဲ့"

ခါတိုင်းဆို Suit အနက်ရောင်ကိုသာ ပုံစံကွဲ ဝတ်တတ်သော်လည်း ဒီနေ့မှ ထူးထူးခြားခြား အညိုရောင် ​ဖျော့ဖျော့လေးကို ဝတ်ထားသောကြောင့် မူလအသားညိုသည့် သူ၏ အသားအရေက အနည်းငယ် ဝင်းနေသလို အညိုရောင်suitလေးနှင့် လိုက်ဖက်သည်ဟုသာ ဆိုရတော့မည်....

အပိုစကားတော့ အနည်းငယ်မှ ပြောမသွားဘဲ ကျောခိုင်းကာ ထွက်သွားလေတော့သည်..

'ဟူး'

အိမ်မှာနေလည်း သွေးမတော်သားမစပ်သည့် အစ်ကိုတော်၏ အေးတိအေးစက် အမူအရာကြောင့် နေရတာကျဥ်းမြောင်းနေသလို ကျောင်းသွားပြန်ရင်လည်း စိတ်ဖောက်နေသည့် Nikကြောင့် စိတ်ညစ်ရပြန်အုံးမည်.....

မနက်စာစားပြီးသည်နှင့် ကျောင်းသွားဖို့အလောတကြီးပြင်ရတော့သည်.....

ခါတိုင်းနေ့များနှင့်တော့မတူ ကျောင်းလိုက်ပို့သူက ပြောင်းသွားသောကြောင့်လားမသိ တစ်လမ်းလုံး နှုတ်ဆိတ်လျက်သာ လိုက်လာခဲ့၏

ကျောင်းသို့ရောက်သည်နှင့် ခါတိုင်းနေ့တွေလို ဖြူနှင့် Nikတို့ကိုပင် မစောင့်နိုင်ဘဲ ကျောင်းခန်းထဲသာ တန်း၀င်သွားလိုက်ပြီး မိမိနေရာတွင် ထိုင်ကာ မှောက်အိပ်နေလိုက်မိ၏

နားခိုရာမှားတဲ့ လိပ်ပြာငယ်Where stories live. Discover now