SKIP TIME
တရွေ့ရွေ့နှင့် ကုန်ဆုံးလာခဲ့သည့်အချိန်ကား လိပ်ခုံးကျောင်း (ဆေး၁ )ကြီးကို ခွဲခွာရတော့မည်တဲ့..........
Campus lifeကို အပြည့်အဝခံစားမိစေခဲ့တဲ့ကျောင်းတော်ကြီးက Lobbyထဲရှိ သူငယ်ချင်း၃ယောက်၏ ရယ်မောပျော်ရွှင်သံတွေနဲ့ အမှတ်တရလေးတွေကို သိမ်းထားပေးနိုင်မည်ထင်မိပါ၏......
ဆေးတက္ကသိုလ်တတိယနှစ်သို့ ရောက်ပြီဖြစ်သောကြောင့် လမ်းမတော် ဆေးတက္ကသိုလ် အမှတ်၁ သို့ ပြောင်းရမှာတော့ MBBS Studentတိုင်းတစ်နေ့နေ့ ကြုံတွေ့ရမည့် အခိုက်အတန့်လေးပင်ဖြစ်သည်............
"ရှိုင်းရေ ကျောင်းနောက်ကျတော့မယ် မြန်မြန်လာတော့"
"လာပြီ လာပြီ "
အချိန်ကာလ အားဖြင့် ၁နှစ်နီးပါး ကြာခဲ့လေပြီ ..
မိသားစု၏ နွေးထွေးမှုဆိုသည့် ခံစားချက်လေးက အခုချိန်မှာ အသက်ဝင်စ ကာလအနေအထား၌သာရှိသေး၏....မိဘ နှစ်ယောက်ရှေ့တွင်သာ တစ်ယောက်နှင့် တစ်ယောက် စိတ်တူကိုယ်တူ ညီအကိုများကဲ့သို့ နေထိုင်ကြရန် သတ်မှတ်ထားခဲ့ကြသော်လည်း အချိန်ကာလ၏ တိုက်စားမှုအရ ထိုသတ်မှတ်ချက်များ ကြာရှည် မတည်မြဲခဲ့ပါ ...ကြာလာသည့် အချိန်ကိုလိုက်၍ တစ်ယောက်နှင့်တစ်ယေက်ညှင်သာစွာ သုံးနှုန်းမှုများက နေရာစိပ်လာ၏....
တစ်ယောက်သောသူ၏ ရန်ငြိုးများကိုတော့ အချိန်ကာလတို့က မတိုက်စားနိုင်ခဲ့ပါ
အရင်ကလို ရန်အမြဲဖြစ်နေသည့် ညီအစ်ကို ၂ယောက် မရှိသောကြောင့်လားတော့မသိ ဒေါ်စန္ဒာမြတ်၏ ရောဂါအခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာ၏.....တစ်ချက်တစ်ချက် မူမမှန်သည်ကလွဲ၍ ဆေးရုံသွားပြနေရသည့် အခြေအနေမျိုးကပါလွတ်မြောက်နိုင်ချေ များလာ၏...
အိမ်ထဲမှ ပြေးထွက်လာသည့် ကလေးငယ်ကာ ခါတိုင်းကဲ့သို့ အလျင်စလိုပင်......
လမ်းမတော် ဆေး၁သို့ပထမဆုံးတက်ရမည့် နေ့ဖြစ်သောကြောင့် ရှိုင်းသော်တာ တစ်ယောက်ပုံမှန်ထက် တက်ကြွနေ၏......
"မြန်မြန်လာ ပထမဆုံးနေ့မှာသာ ကျောင်းနောက်ကျလိုက်ရင် နာမည်ကတော့ လှလိုက်မယ့်ဖြစ်ခြင်း"
YOU ARE READING
နားခိုရာမှားတဲ့ လိပ်ပြာငယ်
Paranormalစာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ