Arc 5:7 - ကျူးစစ်ယွိဘဝ

1.1K 108 0
                                    

Arc 5:7 - ကျူးစစ်ယွိဘဝ


ကျိုးယွင်ရှန့်ထင်ထားတာက ကျူးအိမ်ဟာဓားပြတွေဖျက်ဆီးခံရလိမ့်မယ်လို့ပေါ့။ နဂိုဇာတ်ညွှန်းမှာ ဓားပြတွေကကျူးအိမ်ရဲ့အထက်တန်းကျတာကြီးကိုမနာလိုဖြစ်ပြီး အတွင်းပစ္စည်းတွေသယ်သွားရုံမက မီးလည်းရှို့ခဲ့လို့ အိမ်တစ်ခြမ်းစာပျက်စီးရမယ်။ အခုလှည်းဆိုက်လာတဲ့အချိန် ကျိုးယွင်ရှန့်မြင်လိုက်ရတာက အနည်းငယ်ပျက်စီးနေတဲ့တံခါးကလွဲရင် ကျန်တာပုံမှန်ပဲ။ လျှောက်လမ်းနံဘေးကပန်းပင်တွေတောင် မပျက်စီးဘူး။


အတွင်းထဲကစစ်သည်တစ်ဦးထွက်လာပြီး သူ့ကိုလာရောက်ဂါရဝပြုသည်။ "အသင်ကကျူးကုန်းဇီ ကျူးစစ်ယွိလားခင်ဗျာ"


"ဟုတ်ပါတယ် ကျုပ်ပါ" ကျိုးယွင်ရှန့်တွဲပေးထားတဲ့လုရှီလက်ကိုဖယ်လိုက်ပြီး ပြန်ဂါရဝပြုလိုက်သည်။


"ကျူးကုန်းဇီ ခင်ဗျားရဲ့အိမ်ကိုကျုပ်ရဲ့ယာယီတပ်စခန်းအဖြစ်ထိန်းသိမ်းထားခဲ့တာ။ အခုဓားပြတွေလည်းပြန်ဆုတ်သွားပြီဆိုတော့ ခင်ဗျားကိုပြန်လည်အပ်နှံပါတယ်" သူ့ရဲ့ချပ်ဝတ်တန်ဆာပုံစံအရ သူ့ရာထူးဟာအတော်မြင့်မည်ဟုယူဆနိုင်သည်။ ဒါပေမဲ့ အပြုအမူကတော့အရမ်းရိုကျိုးသည်။


စစ်သူကြီးတင်းယွမ်က ချင်းစယ်ရဲ့ညာလက်ရုံးတွေထဲကတစ်ယောက်ပဲ။ သူ့မှာရိုးသားဖြောင့်မတ်ခြင်းတရားတွေအပြည့်ရှိတာကြောင့် ကျူးအိမ်ပစ္စည်းများကိုထိမည်မဟုတ်ပေ။ ကျူးယွင်ရှန့်စိတ်သက်သာသွားသလိုသက်ပြင်းချလိုက်ပြီး အမြန်ကျေးဇူးတင်လိုက်သည်။ ပြီးတော့ဥဩလေးကို ငွေအိတ်တစ်အိတ်ပေးဖို့လည်းမှာလိုက်သည်။


ခေါင်းဆောင်ကြီးကိုယ်တိုင်က ဒီအိမ်ကိုစောင့်ရှောက်ဖို့အမိန့်ပေးထားမှတော့ တင်းယွမ်လည်းဘယ်လိုလုပ်လျစ်လျူရှုရဲမှာလဲ။ ဒါကြောင့်ငြင်းပြီး သူ့ရဲမတ်တွေကိုခေါ်ကာပြန်ထွက်သွားသည်။


ကျိုးယွင်ရှန့်အကောင်းအတိုင်းရှိနေတဲ့ဧည့်ခန်းထဲမှာထိုင်ပြီး သက်ပြင်းချလိုက်သည်။ သူဥဩလေးကိုညစာပြင်ခိုင်းမလို့ပဲရှိသေး အစေခံတစ်ယောက်ကကျူးလောင်စစ်ပြန်လာပြီဟု သတင်းပို့လာသည်။

ဗီလိန်မာယာ (Arc-5)Where stories live. Discover now