Arc 5:5 - ကျူးစစ်ယွိဘဝ

1.1K 107 0
                                    

ကျန်းရှုလင်းက ကျူးစစ်ယွိကိုအပေါ်ယံသာကြည့်ခဲ့သူဖြစ်သည်။ တစ်ဖက်လူ၏မျက်နှာချောချောက အမြဲလိုလိုခက်ထန်သည့်ပုံစံကိုဆောင်ယူထားသောကြောင့် အကျင့်ယုတ်ပြီးပေါင်းသင်းရခက်မည့်သူဟုထင်မိသည်။ ဒါပေမဲ့ အနီးကပ်လေ့လာကြည့်တော့ တကယ်အစစ်အမှန်ကိုမြင်ရပြီး ထင်ထားသည်နှင့်တခြားစီမှန်းသိလိုက်ရသည်။


မင်းသူ့ကိုပြဿနာမရှာလျှင့် သူ့ဖက်ကမင်းကိုအရေးတောင်လုပ်မည်မဟုတ်။ သူ့နှင်းဆီရောင်နှုတ်ခမ်းက အပြုံးသေးသေးလေးတစ်ခုရှိနေတတ်သောကြောင့် လူတွေကိုသက်တောင့်သက်သာဖြစ်စေသည်။ သူကမောက်မာပေမဲ့ မယုတ်မာဘူး ပြီးတော့အရှိန်အဝါလည်းရှိတယ်။


အထင်လွဲမှားမှုသာမရှိပါက ကျန်းရှုလင်းသူနဲ့မိတ်ဆွေဖြစ်ရန်ကြိုးစားချင်သည် ဒါပေမဲ့ အခုအရှက်ကွဲတာများတော့ ခေါင်းတောင်မဖော်ရဲတော့။ အခြားကျန်းမိသားစုဝင်များလည်း အတူတူပင် သူတို့မီးပုံနဲ့ဝေးရာရွှေ့သွားကြပြီး မျက်နှာကရှက်ရွံ့မှုကြောင့်နီမြန်းနေသည်။


ချင်းစယ်တစ်ယောက်တည်းကသာ ကျုးစစ်ယွိ၏ဆန့်ကျင်ဘက်တွင်ထိုင်လျက်ကျန်နေသည်။ မီးပုံကို သစ်သားနဲ့ဆွရင်း ဘာမှမဖြစ်ခဲ့သည့်ပုံစံအတိုင်းပင်။


ညဉ့်နက်လာတော့ ကျိုးယွင်ရှန့်အိပ်ငိုက်လာသလိုခံစားရသည်။ သူပါးစပ်ကိုလက်နှင့်ကာရင်း သမ်းဝေလိုက်သည်။ မျက်လုံးထဲကမျက်ရည်လေးနှစ်ပေါက်ထွက်လာပြီး ထူထည်းသည့်မျက်တောင်ပေါ်တွင်ခိုကပ်ကျန်ရစ်ခဲ့သည်။ ထိုပုံစံက ကြောင်ငပျင်းလေးဆောင်းရာသီချမ်းစီစီမှာ မီးပုံနံဘေးအကြောဆန့်ရင်းသမ်းဝေလိုက်သည်နှင့်တူလှသည်။ အရမ်းကိုချစ်ဖို့ကောင်းသည်၊ တကယ်လို့များ သမ်းဝေလိုက်ချိန်ပါးစပ်ကိုမကာလိုက်ရင် သူ့မှာအစွယ်ချွန်ချွန်လေးနှစ်ချောင်းပါရှိနေမလား။


ချင်းစယ် ကျိုးယွင်ရှန့်ကိုကြည့်နေရာက မီးပုံကိုမျက်နှာအမြန်လွှဲလိုက်သည်။

ဗီလိန်မာယာ (Arc-5)Where stories live. Discover now