Arc 5:10 - ကျူးစစ်ယွိ+ချင်းစယ်

2.1K 129 45
                                    

Arc 5:10 - ကျူးစစ်ယွိ+ချင်းစယ်

ကျန်းကျားလွေ့ပြန်သွားပြီးတော့ သူကျူးအိမ်ကိုနာမည်ဖျက်ဖို့နည်းမျိုးစုံစဉ်းစားသည်။ ပထဦးဆုံးကျူးအိမ်ကအစေခံတစ်ယောက်က ရွာသားတွေကိုနှိပ်စက်နေပါတယ်လို့သတင်းလွှင့်ပြီး အဲ့လူကကျူးလောင်စစ်၏လူယုံဖြစ်နေတာနဲ့အဆုံးသတ်သွားသည်။ လူတိုင်းကျူးစစ်ယွိက ကျူးလောင်စစ်နဲ့သေခန်းဖြတ်လိုက်တာကြာပြီမှန်းသိကြပြီးသား။ ဒါကြောင့်အဲ့လူရဲ့လုပ်ရပ်က ကျူးအိမ်နဲ့ဆိုင်တယ်လို့တောင်မတွေးကြဘူး။

နောက်တော့ လူတချို့ကရွာထဲကလူကုံထံတစ်ယောက်မတရားအမြတ်ကြီးစားပြီး ရုံးတော်ကိုအခွန်ဆက်ဖို့ရှောင်နေသည်ဟုသတင်းပို့သည်။ သူစုံစမ်းကြည့်တော့ ဝမ်နဲ့လီအိမ်ကအခွန်ရှောင်ထားသည်ကိုသာတွေ့ရသည်။ ကျူးအိမ်ကတော့ လုံးဝသန့်ရှင်းနေသည်။

သူထပ်ခါထပ်ခါစုံစမ်းခိုင်းပေမဲ့ သူကျူးအိမ်ကိုသံသယဖြစ်သမျှအရာအားလုံးက ကျူးအိမ်ဟာအပြစ်မဲ့ကြောင်းသာပြန်ထွက်လာသည်။ သူ့လုပ်ရပ်ကကျူးအိမ်ရဲ့ 'သဒ္ဒါတရားထက်သန်သောအိမ်တော်' ဆိုတဲ့ဂုဏ်ပုဒ်ကိုမဖြုတ်ချနိုင်ရုံမက ကျူးစစ်ယွိနာမည်ကိုပိုလို့တောာင်ကြီးသွားစေသည်။ ကျန်းကျားလွေ့တစ်ယောက် ဒေါသနဲ့အိပ်ရေးပျက်ညတွေများနေတော့သည်။ သူကျူးစစ်ယွိကိုအရိုးထဲထိမုန်းနေပြီး တစ်နေ့ဖြိုလဲပစ်မည်ဟုကြုံးဝါးလေသည်။

အဲဒီအချိန်မှာ ချင်းစယ်ကမြို့တော်ကိုပြန်ရောက်လာသည်။ ဒါပေမဲ့သူဒဏ်ရာအပြင်းအထန်ရထားသည်။ တကယ်လို့များသမားတော်တွေကသာ သူ့ကိုမချုပ်ထားဘဲဝမ်းဗိုက်ကဒဏ်ရာကိုဆေးမထည့်ပေးပါလျှင် သူချင်းမင်ရွာကိုသွားလိမ့်မည်။

"မင်းဒီနေ့ပဲ ဒီသေတ္တာကိုကျူးစစ်ယွိဆီ ကိုယ်တိုင်သွားပေးရမယ်" သူသတိမမေ့ခင် ယွိချန်ကိုသေသေချာချာမှာလိုက်သည်။

ယွိချန်ကလည်းတုံ့ဆိုင်းမနေဘဲ သေတ္တာငယ်ကိုကိုယ်တိုင်ယူပြီး မြင်းနှင့်ကျူးအိမ်ကိုအပြင်းနှင်လေသည်။

"စစ်သူကြီး ကြွပါ ကြွပါ။ ဘာလို့ဒီလောက်တောင်များအလျင်လိုနေရသလဲမေးလို့ရမလား။ တစ်ခုခုလိုအပ်လို့လား" ကျိုးယွင်ရှန့် ထိုလူကိုအံ့ဩဝမ်းသာစွာနဲ့မေးလိုက်သည်။

ဗီလိန်မာယာ (Arc-5)Where stories live. Discover now