Arc 5:9 - ကျူးစစ်ယွိဘဝ

1.2K 121 0
                                    

Arc 5:9 - ကျူးစစ်ယွိဘဝ

BGM suggest >>> Feeling moved


ချင်းစယ်ကအခုတလောမင်းသားငယ်ကိုကယ်တင်ဖို့အလုပ်များနေသည်။ သူအတိတ်မေ့နေစဉ်က မယ်တော်ကြီးကလုံခြုံရေးတပ်ဖွဲ့တွေကြားမှာ ထွက်ပေါက်အများကြီးဖန်တီးထားသည်။ သူပြန်ရောက်တော့ သူ့လက်အောက်ကစစ်တပ်တွေကို မြို့တော်ကိုဝိုင်းထားဖို့အမိန့်ပေးပြီး နန်းတော်ကိုအချိန်မီပြန်သိမ်းယူဖို့ကြံစည်ထားသည်။


မင်းသားငယ်ကိုကယ်တင်ဖို့ဆူညံမှုတွေအများကြီးလုပ်လို့မရဘူး။ ဒါကြောင့်အရာအားလုံးကိုတိုးတိတ်စွာကြံစည်ပြီး စစ်သည်တွေတစ်ယောက်မှသွေးမြေမကျရအောင် ပိရိစွာအကွက်ချထားသည်။


နောက်ဆုံးတော့သူစခန်းကိုပြန်လာတုန်းကလွှတ်လိုက်တဲ့သူတွေက မယ်တော်ကြီးရဲ့သားကိုဖမ်းခေါ်လာခဲ့သည်။


တင်းကြပ်တဲ့စစ်ဆေးမေးမြန်းမှုနဲ့ ညှင်းပန်းမှုတွေကြားမှာ သူတို့သစ္စာဖောက်စာရင်းကိုရလိုက်သည်။ နောက်တော့ မြို့တော်ကိုပြန်သိမ်းပြီး နန်းတော်ကိုရှင်းလင်းဖို့လုပ်ရသည်။ စစ်သူကြီးတွေစားပွဲတစ်လုံးမှာဝိုင်းပြီးဗျူဟာဆွေးနွေးနေကြတုန်း ရဲမတ်တစ်ယောက်က လာသတင်းပို့သည်။ "စစ်သူကြီးယွိ လူတစ်ယောက်ကစစ်သူကြီးကိုလာရှာပါတယ်"


စစ်သူကြီးယွိက ချင်းစယ်ရဲ့ညာလက်ရုံးဖြစ်ပြီး ကျူးအိမ်ကိုကာကွယ်ဖို့အမိန့်ပေးခံရသည့် စစ်သူကြီးတင်းယွမ်လည်းဖြစ်သည်။


စစ်သေနာပတိမျက်မှောင်ကြုတ်တာမြင်တော့ သူထွက်မသွားရဲ ဒါကြောင့်လက်ကိုရမ်းပြီး "ကျုပ်မှာတွေ့ဖို့အချိန်မရှိဘူး...အခုကအရေးကြီးတဲ့ချိန် မင်းသားငယ်ကိုကယ်တင်ရမယ်။ ပြန်လို့ပြောလိုက်"


ရဲမတ်လေးကခဏတွန့်ဆုတ်နေပြီးမှဆက်ပြောသည် "တစ်ဖက်လူက ချင်းမင်ရွာကကျူးစစ်ယွိလို့ပြောပေါတယ်။ သူစစ်သူကြီးဆီ မြင်းစာလာပို့ပေးတာပါတဲ့"

ဗီလိန်မာယာ (Arc-5)Where stories live. Discover now